နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းအတွက် စစ်လက်နက်တင်ပို့ရန် ဘော်လကန် ဒေသနိုင်ငံများကို အမေရိကန်ခွင့်ပြု

ကီယက်ဗ်၊  ဇန်နဝါရီ ၂၄ 


ယူကရိန်းနှင့် ရုရှားနိုင်ငံကြား တင်းမာမှုများတိုးနေချိန်တွင် ယူကရိန်းကို အမေရိကန်ထုတ် လေယာဉ်ပစ်လက်နက်များနှင့် တင့်ကားဖျက် မစ်ဇိုင်း လက်နက် များပို့ပေးရန်  ဘော်လကန် ဒေသနိုင်ငံများဖြစ်သည့် အက်စတိုးနီးယား၊ လက်ဗီး ယားနှင့် လစ်သူနီးယားနိုင်ငံများကို ခွင့်ပြုလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်က ပြောသည်။ 


နေတိုး စစ်မဟာမိတ်နိုင်ငံများဖြစ်သည့် ဘော်လကန်နိုင်ငံများမှ ယူကရိန်း စစ်အင်အား ပိုခိုင်မာစေရန်နှင့် ရုရှားကျူးကျော်လာပါက    ခုခံရန်ကာကွယ်ရေးပစ္စည်း များ  ပို့ပေးခြင်းကို ခွင့်ပြုကြောင်း ဝန်ကြီး ဘလင်ကန်က ယင်း၏ တွစ်တာစာမျက်နှာ တွင် ဇန်နဝါရီ ၂၃ ရက်က ရေးသားထားခြင်းဖြစ်သည်။ 


ထို့ပြင် ယူကရိန်းရှိ အမေရိကန်သံရုံးဝန်ထမ်းများကိုလည်း မရှိမဖြစ်လိုအပ်သူ များမှအပ ကျန်သူများနှင့် မိသားစုဝင်များကို ပြန်ခွင့်ပြုရန် နိုင်ငံခြားရေးဌာနကို ခွင့်တောင်းထားပြီး ယူကရိန်း နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးကမူ ယင်းနှင့်ပတ်သက်၍  ယခုထိ အမိန့်တစ်စုံတစ်ရာ   မထုတ်ပြန်သေးကြောင်း သိရ သည်။ 


ယူကရိန်းတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ခရီးသွားအကြံပေးချက်အဆင့် ၄ သတ်မှတ်ထုတ်ပြန်ထားကာ ယူကရိန်းကို ရုရှားက တိုက်ခိုက်ရန်ကြံစည်နေသည့် သတင်းများကြောင့် သတိထားကြရန် အကြံပေးထားသော်လည်း လေယာဉ်ခရီးစဉ် များကိုမူ ဆက်လက်ပြေးဆွဲပေးနေကြောင်း သိရသည်။                       (Ref:AFP)






အခြားဆက်စပ်သတင်းများ