နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်မရွန်းနိုက်ကလပ်မီးလောင် လူ ၁၆ ဦးသေဆုံး

ရွန်းဒေး၊  ဇန်နဝါရီ ၂၄ 


ကင်မရွန်းနိုင်ငံ၊ မြို့တော် ရွန်းဒေး ရှိ နာမည်ကြီး နိုက်ကလပ်တစ်ခုတွင် ဇန်နဝါရီ ၂၃ ရက်က မီးလောင်မှုဖြစ်ပွား ခဲ့ရာ ပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။ 


တစ်လတာကြာမြင့်မည့် အာဖရိက နိုင်ငံများ      ဘောလုံးပြိုင်ပွဲ အတွက် ဘောလုံးကစားသမားများ၊ ပရိသတ်များ နှင့် ပွဲတာဝန်ရှိသူများက အာဖရိကနိုင်ငံ တလွှား ပွဲများလက်ခံကျင်းပနေချိန်တွင် ယခုကဲ့သို့ ဆိုးရွားသည့်ဖြစ်ရပ်ဖြစ်ပေါ် လာခြင်းဖြစ်သည်။ 


ကင်မရွန်းနိုင်ငံမြို့တော် ရွန်းဒေးရှိ ဘတ်စတို့ရပ်ကွက်အတွင်း နိုက်ကလပ် တစ်ခုတွင် မီးစတင်လောင်ကျွမ်းခဲ့ရာ အချိန်တိုအတွင်း  မီးမှာ ဓာတ်ငွေ့ လောင်စာများ သိုလှောင်ထားသည့် နေရာသို့ ပျံ့နှံ့သွားခဲ့ကြောင်း အာဏာ ပိုင်များက ပြောကြားသည်။ 


ဓာတ်ငွေ့အိုးခြောက်အိုးမှ ကျယ် လောင်သည့် ပေါက်ကွဲသံများကြောင့် ရပ်ကွက်အတွင်း အထိတ်တလန့်ဖြစ်စေ ခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့ကာ လက်ရှိတွင် ဒဏ်ရာရထားသူ   ရှစ်ဦးကို ရွန်းဒေးဗဟို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အစိုးရ အဖွဲ့အာဏာပိုင်များက ထုတ်ပြန်ထား သည်။


(Ref: Reuters)






အခြားဆက်စပ်သတင်းများ