နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြသည့် အခမ်းအနား ကျင်းပ

ရန်ကုန်  ဇန်နဝါရီ  ၂၄


ရန်ကုန်တိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေးအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ အား ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ သည်။


ရှေးဦးစွာ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေး မှူး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က အမှာစကားပြောကြားသည်။


ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦးက ထိုင်းနှင့် တရုတ်နိုင်ငံမှကုန်စည် များသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ မြဝတီ၊ ကော့သောင်း နှင့်မူဆယ်ဘက်ရှိ လမ်းကြောင်း များမှ အများဆုံးဝင်ရောက်လာ ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးရှိ လမ်း ကြောင်းများမှလည်း ကုန်စည် များ  ဝင်ရောက်လျက်ရှိသကဲ့သို့ေကြောင်း လမ်းများမှလည်း လူသုံးကုန်နှင့် အခြေခံစား သောက်ကုန်ပစ္စည်းများ ဝင် ရောက်လျက်ရှိကြောင်း၊ ဝင် ရောက်လာသော ကုန်စည်များ သည် တိုင်းဒေသကြီးအတွင်း ကုန်းလမ်းကြောင်း ၁၁ လမ်း၊ ရေကြောင်းလမ်းဆိပ်ကမ်း ရှစ်ခု ဖြင့် စီးဆင်းကုန်သွယ်လျက်ရှိ ကြောင်း၊ ရေလမ်းကြောင်းမှ ဝင်ရောက်လာသော ကုန်စည် များသည် ပြည်တွင်းဆိပ်ကမ်း ကြီး ရှစ်ခုတွင် ကုန်တင်/ကုန်ချ များပြုလုပ်ကြပြီး ယင်းဆိပ်ကမ်း များတွင် အကောက်ခွန်ဦးစီး ဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့မှ လုပ်ငန်းများ ကို ပုံမှန်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။


အကောက်ခွန် ဦးစီးဌာနမှ လည်း စာတိုက်လုပ်ငန်းစု၊ EMS လုပ်ငန်းစုနှင့် ရွာသာကြီး Dry Port စသည့် အခြားနည်းလမ်း များဖြင့် တရားမဝင်ကုန်ပစ္စည်း များ ဝင်ရောက်မှု မရှိစေရန် နေရာသုံးခုတွင် အဖွဲ့များဖွဲ့ ၍ စစ်ဆေးဆောင်ရွက်မှုများ ပုံမှန် ဆောင်ရွက်နေပါကြောင်း၊ ရှောင်ကွင်းလမ်းများကို အသုံး ပြု၍ တရားမဝင် ကုန်စည်များ ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ သယ်ဆောင်နိုင် သောကြောင့် ယင်းရှောင်ကွင်း လမ်းများကို ပိတ်ဆို့ဖမ်းဆီးရေး ဆောင်ရွက်နိုင်မည့် နေရာ လေးခုတွင် စစ်ဆေးဖမ်းဆီးမှု         များ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီးက ပြောကြားသည်။


ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး၊ တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး စားသုံးသူရေးရာဦးစီး ဌာန ဦးစီးမှူး ဦးရဲထွဋ်နိုင်က တရားမဝင် ကုန်သွယ်မှု တိုက် ဖျက်ရေးအတွက် ဆောင်ရွက် လျက်ရှိသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ အစည်းအဝေး တက်ရောက်လာသူများက ရန်ကုန် တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ ၏ လုပ်ငန်းဆောင်ရွက်မှု လုပ် ငန်းများအတွက် ဝိုင်းဝန်းအကြံ ပြု ဆွေးနွေးကြသည်။


ယင်းနောက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေး မှူး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် က နိဂုံးချုပ်စကား ပြောကြားခဲ့ ကြောင်းသိရသည်။ ဆန်းကျော်ဦး






အခြားဆက်စပ်သတင်းများ