နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအသင်း သုံးပွဲမြောက် သရေကြုံတွေ့

ဇန်နဝါရီ  ၂၃


ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ ပွဲစဉ်တစ်ပွဲအဖြစ် ဆောက်သမ် တန်အသင်းနှင့် မန်စီးတီးအသင်း တို့ ယမန်နေ့ ညပိုင်းက စိန့်မေရီ ကွင်း၌ ယှဉ်ပြိုင်ကစားရာတစ် ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။


အဆိုပါပွဲစဉ်တွင် နှစ်သင်း စလုံးက အဓိက ကစားသမား အစုံ အလင်ဖြင့် ပွဲထွက်လာခဲ့ပြီး နည်းပြ ဂွါဒီယိုလာ၏ မန်စီးတီး အသင်းက ကစားကွက်အသာ ဖြင့် ပွဲကိုစိုးမိုးနိုင်ခဲ့သော်လည်း သရေ တစ်မှတ်သာရရှိသည်။


ပထမပိုင်းပွဲချိန် ၇ မိနစ်တွင် ဝေါ်လ်ကာပီတာစ်၏ သွင်းဂိုးဖြင့် ဆောက်သမ်တန်အသင်းအဖွင့် ဂိုးရရှိခဲ့သည်။ 


ဂိုးပေးလိုက်ရပြီး နောက်ပိုင်း မန်စီးတီး အသင်းက ဆောက်သမ်တန်အသင်းကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ပြီး ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း   ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။


ပွဲချိန် ၂၂ မိနစ်တွင် ဆောက် သမ်တန်အသင်း ဂိုးထပ်မံရရှိခဲ့ သော်လည်း လူကျွံဘောသတ် မှတ်ခဲ့ခြင်းကြောင့်  မန်စီးတီး အသင်း သက်သာရာရခဲ့သည်။


ဒုတိယပိုင်းတွင် မန်စီးတီး အသင်းက    ကစားကွက် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဆောက်သမ်တန်အသင်းကို ဖိအားပေးကစားခဲ့ပြီး ဒီဘရိုင်း နား၏ အဝေးကန်ချက် ဂိုးတိုင် ထိခဲ့သလို ဂျီးဆပ်စ်၏ခေါင်းတိုက် ဂိုးသွင်းယူမှု    တိုင်ထိခဲ့ခြင်း ကြောင့် မန်စီးတီးအသင်း ဂိုးရရှိ မည့်အခွင့်အရေးများဖြင့် လွဲချော် ခဲ့ရသည်။


မန်စီးတီးအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆၅ မိနစ်တွင် နောက်ခံကစားသမားလာပေါ်တီ က ခေါင်းတိုက်သွင်းယူပေးခဲ့ ခြင်းဖြစ်ပြီး လက်ကျန်မိနစ် များတွင် နှစ်သင်းစလုံး ထပ်မံ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံး ခဲ့သည်။ နည်းပြ    ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် ၁၂ ပွဲ ဆက် နိုင်ပွဲဆက်နေမှု   ရပ်တန့်ခဲ့ပြီး ယခုရာသီ၏ သုံးပွဲမြောက်သရေ ပွဲကို ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။                      (သူရိန်)






အခြားဆက်စပ်သတင်းများ