နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တနင်္သာရီတိုင်းဒေသကြီးအတွင်း လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း တိုးချဲ့ဆောင်ရွက်လာ

ရန်ကုန်၊ ဇန်နဝါရီ  ၂၃


မြိတ်ဒေသတွင် လှောင်အိမ် နှင့် ငါးမွေးမြူရေးစနစ် ထွန်းကား လာသည်မှာ သုံးလေးနှစ်ခန့်ရှိ ပြီဟု သိရသည်။ 

မြိတ်ဒေသရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များက ငါးသား  ပေါက်ဖြန့်ဖြူးခြင်း၊ လှောင်အိမ် နှင့် ငါးမွေးမြူခြင်းကို ယခုနှစ် တိုးချဲ့ ဆောင်ရွက်လာကြသည်။


မွေးမြူရေးကုမ္ပဏီများသည် ငါးသားပေါက်ရောင်းချခြင်း၊  လှောင်အိမ်နှင့် ငါးမွေးမြူခြင်း ဆောင်ရွက်လျက်ရှိရာ ငါးသား ပေါက်များကို အချို့က ဧရာဝတီ တိုင်းဒေသကြီးသို့လည်း ဖြန့်ဖြူး ပေးနေသည်ဟု သိရသည်။


လှောင်အိမ်နှင့် ငါးမွေးမြူကြ ရာတွင် ၁၀ ပေပတ်လည် လှောင် အိမ်များအတွင်း၌ ငါးသားပေါက်  နှစ်လက်မ၊ သုံးလက်မအရွယ်ထဲ ကကတစ်များထည့်၍ ရေငန်ထဲ တွင် မွေးမြူကြပြီး ၃၀၊ ၄၀ သား အရွယ် (Table Size) တွင် ဖော် ယူ၍ ရောင်းချကြသည်။


လှောင်အိမ်ဖြင့် ငါးမွေးမြူ ခြင်း နည်းပညာကို ငါးလုပ်ငန်း ဦးစီးဌာနက ဖြန့်ဖြူးပေးလျက် ရှိပြီး မြိတ်ခရိုင်တစ်ခုတည်းတွင် ယခုအခါ လှောင်အိမ်ဖြင့် မွေးမြူ သူ ၅၀ ဦးခန့်ရှိနေသည်ဟု သိရ သည်။


မြိတ်ခရိုင်တွင် လှောင်အိမ် ဖြင့် ငါးမွေးမြူရေးလုပ်ငန်းအပြင် သိပ္ပံနည်းကျ ပုစွန်မွေးမြူခြင်း လုပ်ငန်းများလည်း ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည်။


CN-004






အခြားဆက်စပ်သတင်းများ