နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေးခဲအသား၊ အသားခြောက်၊ တိရစ္ဆာန်ထွက်ပစ္စည်းများ တိရစ္ဆာန်အစာများ ပြည်ပသို့တင်ပို့ရာတွင် သတ်မှတ်ကာလအတွင်း တင်ပို့ရမည်

ရန်ကုန်၊ ဇန်နဝါရီ  ၂၃


အေးခဲအသား၊   အသား ခြောက်၊ တိရစ္ဆာန်ထွက်ပစ္စည်း များနှင့် တိရစ္ဆာန်အစာများတင် ပို့ရာတွင်တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်လက်မှတ် သက်တမ်းကာလအတွင်းတင်ပို့ နိုင်ခြင်းမရှိပါက အဆိုပါထောက် ခံချက်လက်မှတ် ပျက်ပြယ်မည် ဖြစ်ကြောင်း သိရ သည်။


တင်ပို့မည့်ပစ္စည်းများနှင့်    ထားရှိရာနေရာသို့ ဦးစီးဋ္ဌာန၏    စစ်ဆေးရေးမှူး၊ သို့မဟုတ် စစ်ဆေးရေးအဖွဲ့၏ ကွင်းဆင်း စစ်ဆေးမှုကို    ခံယူကြရမည် ဖြစ်ပြီး ဦးစီးဋ္ဌာနက ထုတ်ပေး ထားသည့် ကုန်သွယ်မှုဆိုင်ရာအသိအမှတ်ပြုကတ်ပြား(Sm-art Card)၊သက်ဆိုင်ရာလုပ်ငန်း အလိုက် ဦးစီးဌာနက ထုတ်ပေး ထားသည့် ခွင့်ပြုလက်မှတ်များ ရှိရမည်ဖြစ်သည်။


ပြည်ပမှ အေးခဲအသားများ တင်သွင်းသူများ  ပြည်ပသို့ အသားခြောက်များ  တင်ပို့သူများ အနေဖြင့် သတ်မှတ်ခွင့်ပြုထား သည့် ပမာဏအတိုင်းသာတင် သွင်းကြရမည်ဖြစ်ပြီး တင်သွင်း လာသည့် အေးခဲအသားအမျိုး အစားနှင့်ပမာဏကိုသာ အသား ခြောက် ပြုလုပ်တင်ပို့ရမည်ဖြစ် သည်။


ပြည်တွင်း၌  ထုတ်လုပ်၍ ဖြစ်စေ၊ ဝယ်ယူစုဆောင်း၍ ဖြစ်စေ၊ အေးခဲအသား၊ သို့မဟုတ် အသားခြောက်တင်ပို့သူသည် သတ်မှတ်  ခွင့်ပြုထားသည့်       ပမာဏအတိုင်းသာ  တင်ပို့ရ မည်ဖြစ်သည်။


ထို့ပြင်  အသားဝယ်ယူ စုဆောင်းမှုဆိုင်ရာ အထောက် အထားများ၊  အေးခဲအသား၊ အသားခြောက်များသည် လျှောက် ထားစဉ်က   ဖော်ပြထားသည့်   ပစ္စည်းအမျိုးအစား အရေအတွက် နှင့်  ကိုက်ညီမှုရှိရမည်ဖြစ်ပြီး တင်ပို့မည့် အေးခဲအသား၊အသား ခြောက်ပမာဏ၏ ကိုယ်စားပြု နမူနာကိုလည်းရောဂါ ကင်းရှင်း မှုရှိ၊ မရှိစစ်ဆေးနိုင်ရန် ဓာတ်ခွဲ ခန်းသို့ ပေးပို့ကြရမည် ဖြစ်သည်။


တင်ပို့မည့် အချိန်တွင် သက်ဆိုင်ရာ    မြို့နယ်မှူး၊ သို့မဟုတ် စစ်ဆေးရေးအဖွဲ့သို့သတင်းပေးပို့စစ်ဆေးမှုခံယူကာပြည်ပထွက်ခွာပုံစံတွင်စစ်ဆေးသူ  လက်မှတ်ရေးထိုးပြီးမှသာ ထွက်ခွာရမည်ဖြစ်သည်။ 


တင်ပို့ရာလမ်းကြောင်း တစ်လျှာက်တွင်လည်း စစ်ဆေး မှုခံယူကာ   ပြည်ပသို့ တင်ပို့ ထွက်ရာတွင်  ထွက်ပေါက်ရှိ   ဦးစီးဋ္ဌာန  တာဝန်ရှိသူ သို့မဟုတ် မြို့နယ်ဦးစီးမှူးအားသတင်းပို့ဆောင်ရွက်ရမည်ဟု သိရသည်။                                       CN-031






အခြားဆက်စပ်သတင်းများ