နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂံမြို့မြေအောက်ရေအသုံးပြု ဖရဲသီးစမ်းသပ်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

ပုဂံ ဇန်နဝါရီ  ၂၃


မန္တလေးတိုင်းဒေသကြီးညောင်ဦး မြို့နယ်ပုဂံမြို့ရှိကျေးလက်တောင် သူများ မြေအောက်ရေအသုံးပြုဖရဲသီး စမ်းသပ်စိုက်ပျိုးမှုများလာပြီး စိုက်ပျိုး သည့် ဖရဲခင်းများ အောင်မြင်ဖြစ်ထွန်း ကြကြောင်းသိရသည်။


ညောင်ဦးမြို့နယ် ပုဂံမြို့ဖရဲ စိုက်ပျိုးခြင်းများအား မြေအောက်ရေ ဖြစ်သည့် အဝီစိတွင်းတူးဖော်ခြင်း၊ စက်ရေတွင်း တူးဖော်ရေသွင်းခြင်းများဖြင့်စိုက်ပျိုးကြသည်။


ဖရဲသီးများသည်ရေလိုအပ်ချက် ၇၅ ရာခိုင်နှုန်းလိုအပ်ချက်ကြောင့် ရေအမြဲသွင်းစိုက်ပျိုးရသည့် သီးနှံဖြစ် ကြောင်းသိရသည်။ ဖရဲမျိုး (ပျိုး) များ ဖြစ်သည့် ၈ဒသမ၅ဒသမ၅ မျိုး၊ ၅ဒသမ၁ဒသမ၁ မျိုး ၊ ၂ဒသမ၅ ဒသမ၅ ဖရဲမျိုးနှင့် ၂ဒသမ၁ဒသမ၁ ဖရဲမျိုး များအား ကိုယ်ကြိုက်နှစ်သက် သည့် ဖရဲမျိုးများကို စိုက်ပျိုး ကြပြီး ထွက်ရှိလာသည့် ဖရဲသီးများ ဈေး ကွက် အခြေအနေပေါ်မူတည်ကာတရုတ် ပြည်သို့ ပို့ဆောင် သီးပေါ်ပြီးဆွတ်ခူး ရောင်းချချိန် ဈေးနှုန်းကောင်းရရန် လည်း ဖရဲစိုက်ပျိုး တောင်သူများ မျှော်လင့် နေကြကြောင်း သိရသည်။

ကိုထိန်၊KPD






အခြားဆက်စပ်သတင်းများ