နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပခုက္ကူမြို့ ချောင်းကမ်းပါးတိုက်စားပြိုကျမှု ကာကွယ်ရေး ကျောက်စီမြေထိန်းနံရံတည်ဆောက်ပေး

ပခုက္ကူ ဇန်နဝါရီ ၂၃


ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်း တံတားအနီး ချောင်း ရေကြီးပြီး ကမ်းပါးတိုက်စားဒဏ် များမှ ကာကွယ်နိုင်ရေးအတွက်  ကျောက်စီမြေထိန်းနံရံ တည်ဆောက် လျက်ရှိသည်။


၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊  ခြောက် လဘတ်ဂျက်အတွင်းပခုက္ကူမြို့၊ အမှတ်    (၁)ရပ်ကွက်၊ ရွှေချောင်း တံတား အနီး၌တိုင်းဒေသကြီး ခွင့်ပြုရန်ပုံ ငွေကျပ် ၂၈၅သန်းဖြင့် အလျား၆၅၀ ပေ အရှည်ရှိသည့် ကွန်ကရစ်ပိုင် အခြေပြု ကျောက်စီမြေထိန်းနံရံကို တင်ဒါ အောင်မြင်သည့် ဂုဏ်ရောင် ထွန်းကုမ္ပဏီက ဇန်နဝါရီ ၁ရက် မှစတင်ပြီး တာဝန်ယူတည်ဆောက် ပေးလျက်ရှိကြောင်း၊ အဆိုပါကျောက်စီ မြေထိန်းနံရံကို လုပ်ငန်း စံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ တည်ဆောက်ရေးနှင့် သတ်မှတ် လုပ်ငန်းကာလအတွင်း တည်ဆောက် ပြီးစီးနိုင်ရေးအတွက် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် မကွေးတိုင်းဒေသ ကြီးရုံးမှ တာဝန်ရှိသူများက ကွင်း ဆင်းစစ်ဆေးခြင်း၊ လိုအပ်သည်များ မှာကြားသည်။ 


ကျောက်စီမြေထိန်းနံရံကို ၂၀၂၂ ခုနှစ်၊ မတ်လကုန်အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းများရာနှုန်း ပြည့်တည်ဆောက်ပြီးစီးပါက ပခုက္ကူ မြို့၊အမှတ် ၁ ရပ်ကွက်၊ ရွှေချောင်းနံ ဘေးရှိ ရပ်ကွက်နေပြည်သူများ အနေဖြင့် ချောင်းရေကြီးပြီး ကမ်းပါး တိုက်စားကမ်းပြိုကျမှုတို့ကြောင့် နှစ် စဉ်လူနေအိမ်များ ရွှေ့ပြောင်းနေရသည့် ဘေးအန္တရာယ် တို့မှ ကင်းဝေးကြ တော့မည် ဖြစ်ကြောင်းသိရသည်။ 

(CN-034)






အခြားဆက်စပ်သတင်းများ