နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေတိုးအဖွဲ့ မြေထဲပင်လယ်တွင် ရေတပ်စစ်ရေးလေ့ကျင့်

ဘရပ်ဆဲလ်   ဇန်နဝါရီ    ၂၃


အမေရိကန်နှင့် နေတိုးမိတ်ဖက် များသည် လာမည့် ဇန်နဝါရီ ၂၄ ရက် မှစ၍ မြေထဲပင်လယ်တွင် ၁၂ ရက်ကြာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ် မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ် ရေးဌာန ပြောရေးဆိုခွင့်ရှိသူဂျွန်ကရာဘိုင်က အတည်ပြုပြောကြားသည်။  


“Neptune Strike '22” ဟုခေါ်သည့် ရေကြောင်းလေ့ကျင့်ရေးကို ဖေဖော်ဝါရီ ၄ ရက်အထိ လုပ်ဆောင်မည်ဖြစ်ပြီး နေတိုး၏ ရေကြောင်းစွမ်းရည်များကို သရုပ်ပြသရန်နှင့် စမ်းသပ်ရန်ရည်ရွယ် ထားကြောင်း ကရာဘိုင်ကပြောသည်။ ရုရှားသည် ဇန်နဝါရီလမှ ဖေဖေါ်ဝါရီ လအထိ နှစ်လကြာ ၎င်းတို့၏ ရေတပ် စွမ်းရည်ကို ပစိဖိတ်သမုဒ္ဒရာမှ အတ္တ လန္တိတ်ပင်လယ်အထိ ပြသပြီးနောက် တစ်ရက်အကြာတွင် နေတိုးရေတပ် စစ်ရေးလေ့ကျင့်မှုကျင်းပရန် အမေရိကန် က ဆုံးဖြတ် ကြေညာလိုက်ခြင်းဖြစ် သည်။


Neptune Strike '22 သည် အမှန်တကယ် နေတိုး၏ ရေကြောင်း ဆိုင်ရာ လေ့ကျင့်မှုတစ်ခုဖြစ်ကြောင်း ကရာဘိုင်ကပြောကြားထားပြီး ရေ ကြောင်းဆိုင်ရာ စွမ်းရည်များကို ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်ရန် လုပ် ဆောင်ရခြင်းဖြစ်ကြောင်းပြောသည်။


သို့သော် ယခုရေကြောင်းလေ့ကျင့် မှုမှာ ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန် သည့် နေတိုးဝက်ဘ်ဆိုဒ်၏ တစ်နှစ်တာ စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှု စာရင်းတွင်ပါဝင်ခြင်းမရှိကြောင်း သိရ သည်။                                  

   (Ref:AP)






အခြားဆက်စပ်သတင်းများ