နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁,၈၄၅ သိန်းတန်ဖိုးရှိ အက်စီတုန်းအက်စစ်များနှင့် တော်လူအင်းအက်စစ်များ ဖမ်းဆီးရမိ

ပြင်ဦးလွင်  ဇွန် ၃


ဇွန် ၁ ရက်၊ နံနက် ၃ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ မန္တလေး-လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၂/၆)တွင်  မသင်္ကာဖွယ်ရပ်တန့်ထားသည့် MAN အမျိုးအစား(၂၂)ဘီးတွဲယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်မောင်းအားမတွေ့ရှိရဘဲ ယာဉ်ပေါ်မှ သံပီပါများဖြင့်ထည့်လျက် အက်စီတုန်းအက်စစ် ၁၃,၅၀၀ လီတာနှင့် တော်လူအင်းအက်စစ် ၁၄,၄၀၀ လီတာတို့ကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယာဉ်မောင်း ဖြစ်သူမှာ ကျောက်ဆည်မြို့နယ်၊ ကုလားကျောင်းကျေးရွာအုပ်စု၊ ရွာနန်းကျေးရွာနေ ပြုံးချို(ဖမ်းမမိ) ဖြစ်ကြောင်းသိရှိရသဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။ 


အလားတူ ယင်းနေ့၊ မွန်းလွဲ ၁ နာရီအချိန် သီပေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သီပေါမြို့နယ်၊ တုံစင့်ကျေးရွာအုပ်စု၊ တုံစင့်ကျေးရွာနေ ဆန်းကျော်(ခ)အုန်းကျော်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူဇနီးဖြစ်သူ မအေးမှုံ အားတွေ့ရှိရပြီး ယင်းတို့ ၂ ဦးထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၆၇၀ ပြားနှင့် မြန်မာငွေ ၄၄,၀၀၀ ကျပ် သိမ်းဆည်းရမိခဲ့သဖြင့် ဆန်းကျော်(ခ) အုန်းကျော်(၄၀)နှစ်၊ မအေးမှုံ(၅၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ