နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံ ခရီးသွားဧည့်သည်များ ကွာရန်တင်းကင်းလွတ်ခွင့် ပြန်လည်စတင်မည်

ဗန်ကောက်   ဇန်နဝါရီ    ၂၃


ထိုင်းနိုင်ငံတွင် လာမည့် ဖေဖော်ဝါရီ လမှစ၍ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသည့်  ခရီးသွားဧည့်သည်များကို ကွာရန်တင်း ကင်းလွတ်ခွင့်ပြန်လည် စတင်မည်ဖြစ်ကြောင်း  ကြေညာလိုက် သည်။ 


ထိုင်းတွင် ကွာရန်တင်းကင်းလွတ် ခွင့်ကို ကြေညာ ထားသော်လည်း အိုမီခရွန် (Omicron) မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်နှင့်ဆက်စပ်သော ကိုဗစ် ရောဂါများ လျင်မြန်စွာပျံ့နှံ့လာခြင်း ကြောင့် ကြေညာပြီး သီတင်းပတ် ၇ ပတ်အကြာတွင် ကြေညာချက်ကို      ယာယီဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။  


ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကာကွယ် ဆေးအပြည့်အဝထိုးနှံထားသော ခရီး သွားဧည့်သည်များအနေဖြင့် ထိုင်းနိုင်ငံ သို့ရောက်ရှိပြီး ပထမဆုံးနေ့နှင့် ငါးရက်မြောက်နေ့များတွင် RT-PCR စစ်ဆေးမှုဆောင်ရွက်ကာ ကွာရန်တင်း လိုအပ်ချက်များမရှိတော့ဘဲ ဝင်ရောက် နိုင်ပြီဖြစ်ကြောင်း ကိုဗစ်ရောဂါ အခြေ အနေ စီမံခန့်ခွဲမှုစင်တာ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Taweesin Visanuyothin က ပြောကြားသည်။ 


လက်ရှိ ထိုင်းနိုင်ငံတွင် ရောဂါ ကူးစက်မှုများ ထိန်းချုပ်နိုင်သောအဆင့် သို့ရောက်ရှိလာခြင်းကြောင့် ရောဂါ ကူးစက်မှုလမ်းကြောင်းကို တည်ငြိမ် စွာထိန်းထားလျက် ရှေ့ဆက်သွားနိုင် ရန်မျှော်မှန်းထားကြောင်း ၎င်းက ပြော သည်။  ထိုင်းနိုင်ငံရှိ လူဦးရေ သန်း ၇၀ နီးပါး၏ ၆၆ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ် ကြောင်းနှင့် ၁၅ ဒသမ ၃ ရာခိုင်နှုန်းမှာ အားဖြည့်ကာကွယ်ဆေး ထိုးနှံပြီးဖြစ် သည်။                                 (Ref:BBC)






အခြားဆက်စပ်သတင်းများ