နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဂျင်တီးနားအသင်း၏ ခြေစစ်ပွဲစဉ်များတွင် မက်ဆီပါဝင်မည်မဟုတ်ဟု နည်းပြ စကာလိုနီ ပြော

ဇန်နဝါရီ  ၂၂


လာမည့် ရက်သတ္တပတ်အတွင်း ကစားရမည့် အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလား  ခြေစစ်ပွဲစဉ်များတွင် တိုက်စစ်မှူး မက်ဆီ ပါဝင်မည်မဟုတ် ကြောင်း နည်းပြ စကာလိုနီက ပြောသည်။


မက်ဆီသည် ကိုဗစ်-၁၉ ရောဂါကို မျှော်မှန်းထားသည့်အချိန်ထက် ပိုမို ခံစားနေရသောကြောင့် ရောဂါပျောက် ကင်းရန် ကြန့်ကြာနေသဖြင့် အာဂျင် တီးနားအသင်း နည်းပြ စကာလိုနီက လာမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် များတွင် မက်ဆီ ပါဝင်မည်မဟုတ်ကြောင်းအတည် ပြုပြောကြားခြင်းဖြစ်သည်။


မက်ဆီသည် ပြင်သစ် ကိုပါဒယ် ရေးဖလား ၃၂ သင်း အဆင့် ပွဲစဉ်မတိုင်မီ ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်က ကိုဗစ် ရောဂါပိုး   စစ်ဆေးတွေ့ရှိခဲ့သဖြင့် Isolating   နေထိုင်နေရသော်လည်း လက်ရှိအချိန်ထိ ရောဂါပျောက်ကင်းခြင်း မရှိဘဲ ကြန့်ကြာနေခြင်းဖြစ်သည်။


ယင်းသည်  ကိုဗစ်ကူးစက်ခံရ မှုကြောင့်  ပြင်သစ်လီဂူးပွဲစဉ်အဖြစ် လိုရီယန့်အသင်းကို  သရေရလဒ်ထွက်ပေါ် ပြီးကတည်းက အသင်း၏ပွဲစဉ်များ ကို  လွဲချော်ခဲ့ရပြီး  ယခုအခါ  ရောဂါ သက်သာလာခြင်းမရှိသဖြင့် ကမ္ဘာ့ဖလား  ခြေစစ်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၈ ရက်တွင် ကစားမည့် ချီလီအသင်းနှင့်ပွဲစဉ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကစားမည့်          ကိုလံဘီယာအသင်းနှင့်ပွဲစဉ်တို့ကို လွဲချော် မည်ဖြစ်သည်။                             (သူရိန်)






အခြားဆက်စပ်သတင်းများ