နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်မြူးနစ်အသင်းက လီဝန်ဒေါစကီးကို ရောင်းချရန် ပြင်ဆင်

ဇန်နဝါရီ  ၂၂


ဘိုင်ယန်မြူးနစ်အသင်းက စာချုပ် သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေ သည့် တိုက်စစ်မှူး လီဝန်ဒေါစကီးကို ယခုနှစ် ဘောလုံးရာသီအကုန်တွင် ရောင်းချရန် ပြင်ဆင်လျက်ရှိသည်။


လီဝန်ဒေါစကီးနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့၏ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး စာချုပ်သစ် ကိစ္စဆွေးနွေးနေသော်လည်း အဆင် မပြေ ဖြစ်နေကာ လီဝန်ဒေါစကီးကိုယ်တိုင် ကလည်း ကစားသမားဘဝမှ အနား မယူမီ စိန်ခေါ်မှုအသစ်များကို ရယူလို သည့်အတွက် ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာပြီး ပရီးမီးယားလိဂ် သို့မဟုတ် စပိန်လာလီဂါတွင် သွားရောက်ကစားလို နေခြင်းဖြစ်သည်။


လီဝန်ဒေါစကီးကိုခေါ်ယူရန် ဥရောပ ထိပ်တန်းအသင်းကြီးများဖြစ်သည့် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်နှင့် ပီအက်စ် ဂျီအသင်းတို့က စောင့်ကြည့်လျက်ရှိသည်။


အသက် ၃၃ နှစ်အရွယ်ရှိ လီဝန် ဒေါစကီးသည် ဘိုင်ယန်မြူးနစ်တွင် အကောင်းဆုံး ခြေစွမ်းပြသနေသူဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီတွင်လည်း ပြိုင်ပွဲစုံ ၃၄ ဂိုးထိ သွင်းယူထားပြီး သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

                                      (သူရိန်)






အခြားဆက်စပ်သတင်းများ