နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၃

 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ ဇွန် ၂ ရက်၊ နံနက် ၅ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၁၈)ရပ်ကွက်၊ ခွါညိုလမ်းပေါ်၌ မျိုးမင်းခန့်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် နံနက် ၁၁ နာရီအချိန်တွင် (၂၀)ရပ်ကွက်၊ ရွှေဟင်္သာ(၂)လမ်းမပေါ်၌ လွင်မိုးထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ထောက်ကြန့်မြောက်ပိုင်း ရပ်ကွက်၊ တောရကျောင်း၉၉)လမ်းပေါ်၌ ဓားကိုင်သောင်းကျန်းနေသော စိုးလွင်ထံမှ အရိုးအသွား(၉)လက်မ ခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁၀ နာရီအချိန်တွင် (၅)ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းမပေါ်၌ ကျော်ဇင်နိုင်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကို လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီခွဲအချိန်တွင် (၁၂၅)ရပ်ကွက်၊ မင်းရဲ ကျော်စွာလမ်းနှင့် နဝဒေးလမ်းထောင့်၌ ဓါးကိုင်သောင်းကျန်းနေသော အောင်ဗိုလ်ဟိန်း ထံမှ အရိုးအသွား (၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်တွင် သက်ပိုင်ဦးထံမှ အရိုးအသွား(၁၂) လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ စိုင်းကိုကိုထံမှ အရိုးအသွား(၁၁)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် နိုင်လင်းဦးထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကို လည်းကောင်း၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီခွဲအချိန်တွင် ကမ်းနားအလယ်ရပ်ကွက်၊ အောင်ဇေယျတံတားအောက်ခြေပတ်လမ်း၌ သန့်ဇင်ဝေထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်း ကိုလည်းကောင်း၊

လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် မင်းစိုးအောင်ထံမှ အရိုးအသွား(၂၅)လက်မ ခန့်ရှိ ငှက်ကြီးတောင်ဓါးတစ်ချောင်းကိုလည်းကောင်း၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ည ၈ နာရီအချိန်တွင် (၁၀)တောင်ရပ်ကွက်၊ ဘုရားလမ်းမပေါ်၌ သူရလင်းထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီအချိန်တွင် (၁၂)ရပ်ကွက်၊ ယင်းမာလမ်းပေါ်၌  ရဲဝင်းကိုထံမှ အရိုးအသွား(၁၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီအချိန်တွင် (၄)ရပ်ကွက်၊ ကမ်းနားလမ်းပေါ်၌ ထက်အောင်နိုင်ထံမှ အရိုးအသွား(၁၀)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ