နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးများ ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ

ဘိုကလေး ဇန်နဝါရီ ၂၂


ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊  စိန်ပန်း ၅ လမ်း လွတ်လပ်ရေးပန်းခြံ ရှေ့ဝင်ပေါက် တွင်အမျိုးသားတစ်ဦး မူးယစ်ဆေး ဝါးများရောင်းချနေကြောင်း သတင်း အရ ဇန်နဝါရီ ၁၈ ရက်ညနေပိုင်းက ဘိုကလေးမြို့မရဲစခန်းမှ တာဝန်ရှိ သူများသည် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက် ရှာဖွေခဲ့ရာ ဘိုကလေးမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင်နေ ထိုင်သည့် ချမ်းငြိမ်းအောင်ဆိုသူအား တွေ့ရှိရပြီး ၎င်း၏ခန္ဓာကိုယ်အား ဆက်လက်ရှာဖွေရာ ၎င်း၏ဘယ်ဘက် လက်အတွင်း အနက်ရောင်ပလပ် စတစ်အိတ်အပိုင်းဖြင့် ထည့်ထား သည့် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ ပြား၊ ၎င်းဝတ်ထားသည့် အနွေးထည် ညာဘက်အိတ်အတွင်းမှ ဆော့ပင် အတွင်း ထည့်ထားသည့် WY စာ တန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀ ပြား၊ အနက်ရောင် ပလပ်စတစ်အပိုင်းဖြင့် ပိတ်ထားသည့် ဖန်ပုလင်းငယ်အတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် အမှုန့် ၀.၀၇ ဂရမ်နှင့် ငွေစက္ကူ ၁၃၀၂၀၀ ကျပ်တို့ကို ဖမ်းဆီး ရမိသည်။


ထို့ကြောင့် မူးယစ်ဆေးဝါး ရောင်းချ ရန်အလို့ငှာ လက်ဝယ်ထားရှိသူ ချမ်း ငြိမ်းအောင်အား တာဝန်ရှိသူများက မြို့မရဲစခန်းသို့ ခေါ်ဆောင်၍ ဥပဒေအရ အမှုရေးဖွင့်ကာ ကွင်းဆက်များဖော် ထုတ်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

မိုးစက်(ဘိုကလေး)






အခြားဆက်စပ်သတင်းများ