နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်တာနက်အခြေပြုသင်ယူမှုပြုလုပ်နိုင်မည့် Myanmar Digital Education Platform ကို အသုံးပြုနိုင်ရန် အခမဲ့ဒေတာအသုံးပြုခွင့်ကို ပညာရေးဝန်ကြီးဌာနသို့ အူရီဒူးမြန်မာမှ ပံ့ပိုးကူညီ

ရန်ကုန်   ဇွန် ၃


အူရီဒူးမြန်မာမှ အင်တာနက်အခြေပြုသင်ယူမှုပြုလုပ်နိုင်မည့် Myanmar Digital Education Platform (MDEP) ကိုအသုံးပြုနိုင်ရန်အတွက် အခမဲ့ဒေတာအသုံးပြုခွင့်ကို အနည်းဆုံး ၆လအသုံးပြုခွင့်ဖြင့် ပညာရေး ဝန်ကြီးဌာနအား ပံ့ပိုးကူညီခဲ့ကြောင်းသိရသည်။ COVID-19 ရောဂါပိုးပြန့်နှံ့ခြင်းကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ကျောင်းများကိုပိတ်ထားခဲ့ရပြီးပညာရေးဝန်ကြီးဌာနမှ နှစ်စဉ်အခြေခံပညာကျောင်းများအတွက် သက်ဆိုင်ရာ အတန်းအလိုက် သင်ရိုးညွှန်းတမ်းစနစ်သစ်ကို ပြောင်းလဲလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရ သည်။ ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းအခြေပြုသင်ယူနိုင်သော ပလက်ဖောင်းတစ်ခုဖြစ်သည့် MDEP (http://mdep.moe.edu.mm)ကို စီစဉ်ဆောင်ရွက်ထားပြီး ကျောင်းဆရာဆရာမများအနေဖြင့် မည်သည့် နေရာမှာမဆို အဆိုပါအဝေးသင်စနစ်ဖြင့် လေ့လာနိုင်မည်ဖြစ်သည်။


အဆိုပါ ဝက်ဘ်ဆိုက်တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာသုံး သင်ကြားရေးလမ်းညွှန်စာအုပ်၊ အခြားသော သင်ကြားရေးအထောက်အကူများနှင့် သင်ကြားရေးဆိုင်ရာ ဗီဒီယိုများကို တင်ထားပေးလျက်ရှိ သည်။ Grade 4, Grade 7 နှင့် Grade 10 သင်ရိုးညွှန်းတမ်းအသစ်ကို လာမည့်စာသင်နှစ်တွင် ပြောင်းလဲ သင်ကြားရမည်ဖြစ်ပြီး အဆိုပါသင်ရိုးညွှန်းတမ်းများကို အွန်လိုင်းပေါ်တွင်ထားရှိပြီး ဆရာ၊ ဆရာမများက အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးကြမည်ဖြစ်သည်။ အူရီဒူးမြန်မာသည် ပညာရေး၏အရေးကြီးမှုကိုနားလည် ထားပြီး လူမှုအကျိုးပြုလုပ်ငန်းများစွာဖြင့် ပညာရေးကဏ္ဍအား ပံ့ပိုးကူညီပေးလျက်ရှိကြောင်းသိရသည်။


ယခုကဲ့သို့ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပညာရေးဝန်ကြီးဌာန၏                       အင်တာနက်အခြေပြုသင်ယူမှုပြုလုပ်နိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်သည့် MDEP ကို အဝေးသင်ပညာရေး စနစ်မှတစ်ဆင့် ဆရာ၊ ဆရာမများအနေဖြင့်ဆက်လက်ပြီး ပညာရေးကိုလေ့ကျင့်သင်ကြားနိုင်ရန် ဒေတာ အသုံးပြုခပေးစရာမလိုဘဲ အခမဲ့အသုံးပြုနိုင်ရန် အူရီဒူးက ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်းသိရသည်။


အူရီဒူးဆင်းကတ်အသုံးပြုသော နိုင်ငံတစ်ဝန်းရှိ ဆရာ၊ ဆရာမပေါင်း ၄၅၀,ဝ၀ဝ မှ MDEP (http://mdep.moe.edu.mm) ကို ဒေတာအသုံးပြုခ အခမဲ့အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ 


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ