နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာရာဘောင်းဖလား ဗိုလ်လုပွဲတက်ခဲ့သည့် လီဗာပူးလ်

ဇန်နဝါရီ  ၂၁


ကာရာဘောင်းဖလား ဆီမီး ဖိုင်နယ် ဒု-ကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် လီဗာ ပူးလ်အသင်းတို့ ယနေ့ နံနက် အစောပိုင်းက အမ်းမရိတ်ကွင်း ၌ ယှဉ်ပြိုင် ကစားရာ လီဗာပူးလ် အသင်းက အာဆင်နယ်အသင်း ကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ သည်။


လီဗာပူးလ်အသင်းသည် ပထမအကျော့က အိမ်ကွင်း အန်ဖီးလ်တွင် အာဆင်နယ် အသင်းကို ဂိုးမရှိ သရေရလဒ် သာ ကစားနိုင်ခဲ့သော်လည်း ဒုတိယအကျော့တွင် နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကာ ကာရာ ဘောင်းဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။


အဆိုပါ ပွဲစဉ်တွင် အာဖရိက နိုင်ငံများ ဖလားပြိုင်ပွဲ သွား ရောက် ယှဉ်ပြိုင်နေသည့်ကစား သမားအချို့မှလွဲ၍ နှစ်သင်း စလုံးက ကျန်အဓိက ကစား သမား အစုံအလင်ဖြင့် ပွဲထွက် လာသည်။


ပထမပိုင်းပွဲချိန် ၅ မိနစ်တွင် အာဆင်နယ်အသင်း ဂိုးရရှိရန် နီးစပ်ခဲ့သော်လည်း လီဗာပူးလ် ဂိုးသမား  ကယ်လ်လီဟာ အကောင်းဆုံးကာကွယ်နိုင်ခဲ့ သည်။ ထို့ပြင် ပွဲချိန် ၁၃ မိနစ် တွင် မက်တစ်က လီဗာပူးလ်အသင်း  အတွက်ဂိုးသွင်းယူနိုင်ခဲ့သော် လည်း လူကျွံဘောဖြစ်နေခြင်း ကြောင့် အာဆင်နယ်အသင်း သက်သာရာရခဲ့သည်။


လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် တိုက်စစ်မှူး ဂျိုတာကသွင်းယူ ပေးခဲ့ခြင်းဖြစ်ပြီး အာဆင်နယ် ခံစစ်ကစားသမား သုံးဦးပိတ်ဆို့ ထားသည့်ကြားက ဂိုးပေးလိုက် ရခြင်းဖြစ်သည်။


ထို့နောက် အာဆင်နယ် အသင်းဂိုးရရှိရေး ပြန်လည်ကြိုး ပမ်းခဲ့သော်လည်း လီဗာပူးလ် ခံစစ်ကို ကျော်ဖြတ်ရန် ခက်ခဲနေ ခဲ့ပြီး ဂိုးကန်သွင်းခွင့်လည်း အနည်းငယ်သာ ရရှိသည်။


လီဗာပူးလ်အသင်းအတွက် နောက်ထပ်အနိုင်ဂိုးကို ပွဲချိန် ၇၇ မိနစ်တွင် ဂျိုတာက ထပ်မံ သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး လက် ကျန်မိနစ်များတွင် နှစ်သင်း စလုံး ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပွဲပြီးဆုံးခဲ့သည်။


ကာရာဘောင်းဖလား ဗိုလ် လုပွဲစဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင်  ဝင်ဘလေကွင်း၌ ချယ်လ်ဆီးအသင်းနှင့် လီဗာ ပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း  သိရ သည်။                          (သူရိန်)






အခြားဆက်စပ်သတင်းများ