နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အွန်နရီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဘော်ဒိုးအသင်း ပြင်ဆင်

ဇန်နဝါရီ  ၂၁


ပြင်သစ်ကလပ် ဘော်ဒိုး အသင်းသည်  ဘယ်လ်ဂျီယံ အသင်း လက်ထောက်နည်းပြ အွန်နရီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။


ဘော်ဒိုးအသင်းသည် အသင်း ၏ရလဒ်ပိုင်းဆိုးရွားနေမှုကြောင့် လက်ရှိနည်းပြ ပက်ထရိုဗစ်ကို ရာထူးမှထုတ်ပယ်၍ ယင်း၏ နေရာတွင် အွန်နရီကို နည်းပြသစ် အဖြစ် ခန့်အပ်ရန် ပြင်ဆင်နေ ခြင်းဖြစ်သည်။


ယခုနှစ်ဘောလုံးရာသီတွင် ဘော်လ်ဒိုးအသင်းသည် အမှတ် ပေးပြိုင်ပွဲ၌ ရလဒ်ဆိုးများဖြင့် ရုန်းကန်နေရသကဲ့သို့ ၂၁ ပွဲ ကစားပြီးချိန်တွင် ၃ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၁၀ ပွဲရှုံးရလဒ်ရရှိထားပြီး ရမှတ် ၁၇ မှတ်ဖြင့် အမှတ်ပေး ဇယား အဆင့် ၁၉ တွင် ရောက် ရှိနေသောကြောင့် အသင်းနှင့် နည်းပြ   ပက်ထရိုဗစ်တို့၏ အနာဂတ်မှာ မသေချာတော့ ကြောင်း သတင်းများထွက်ပေါ် နေချိန်တွင် အသင်း ဥက္ကဋ္ဌ လိုပက်က အွန်နရီ ကို နည်းပြ သစ်အဖြစ်  ခန့်အပ်မည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။


အွန်နရီသည် ကနေဒါကလပ် မွန်ထရီရယ်အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်ပြီးနောက်  ကလပ် အသင်းများ၏ ကမ်းလှမ်းမှုကို လက်မခံဘဲ ဘယ်လ်ဂျီယံ လက် ရွေးစင်အသင်း လက်ထောက် နည်းပြ တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။                        

                               (သူရိန်)






အခြားဆက်စပ်သတင်းများ