နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 မိုင်းယောင်း ဇွန် ၃

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ် မြတ်ကြည်သာ၊ မိုင်းယောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ဇွန် ၂ ရက် နံနက် ၁၀ နာရီက မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု ပါမန်းကျေးရွာအနီး ရော်ဘာခြံအတွင်းရှိ အိုက်ဒါနွန်း၏ နေအိမ်ကို ရှာဖွေရာ အိုက်ဒါနွန်း(၂၅ နှစ်)၊ စိုင်းဘွန်းဖိတ်(ခ)အိုက်ဖိတ်(၂၆)နှစ် နှင့် အိုက်ရှဲန်ကျိုင်း(၅၀)နှစ်တို့အား မူးယစ်ဆေးဝါးသုံးစွဲလျက် တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ အိုက်ဒါနွန်း အိပ်သည့် အိပ်ရာခေါင်းအုံးအောက်မှ PREMIUM GOLD ဆေးလိပ်ဘူးအတွင်း အပြာရောင်ပလတ်စတစ် ကပ်ခွာအိပ်အတွင်းထည့်လျက် WY လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ နှစ်ထုပ်၊ ပလတ်စတစ်စဖြင့် ပတ်လျက် WY လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ရှစ်ပြား၊ စိုင်းဘွန်းဖိတ် ဝတ်ဆင်ထားသော adidas မီးခိုးရောင် အားကစားဘောင်းဘီရှည် ရှေ့ယာဘက် အိတ်ကပ်အတွင်း အပြာရောင်ပလတ်စတစ် ကပ်ခွာအိပ်အတွင်းထည့်လျက် WY လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြား စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၅၀၈ ပြား(အလေးချိန် ၅၀ ဒသမ ၈)ဂရမ်၊ ကာလတန်ဖိုး ၅၀၈၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မိုင်းယောင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စိုင်းယောင်းခမ်း






အခြားဆက်စပ်သတင်းများ