နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာ ကစားသမား အမ်တီတီ၏ ခြေဖဝါးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူရမည်

ဇန်နဝါရီ  ၂၀


ဘာစီလိုနာအသင်း နောက်ခံ ကစားသမား အမ်တီတီ၏ ခြေဖဝါးဒဏ်ရာကို စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ခွဲစိတ်ကုသမှုခံယူ ရမည်ဖြစ်သည်။ အမ်တီတီသည် ဇန်နဝါရီ ၁၇ ရက်ကပြုလုပ် ခဲ့သည့် ဘာစီလိုနာအသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ယင်း ဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်သည်။


“ခံစစ်ကစားသမား အမ်တီတီ ဟာ လေ့ကျင့်ရေး အစီအစဉ်မှာ ခြေဖဝါးဒဏ်ရာ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဆေးအဖွဲ့အနေနဲ့ သူ့ဒဏ်ရာကို စကန်ဖတ်စစ်ဆေး တဲ့အခါမှာ ဒဏ်ရာက ခွဲစိတ် ကုသမှုပြုလုပ်ရမှာပါ။ ဒါကြောင့် သူဟာ အသင်းရဲ့ပွဲစဉ်တွေကို ထပ်မံလွဲချော်ဦးမှာပါ။ သူ့အနေ နဲ့ ဘယ်လောက်အနားယူရမလဲ ဆိုတာ ဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ပြီးမှ အတည်ပြုနိုင် မှာပါ”ဟု ဘာစီလိုနာအသင်း ဆရာဝန် ဒါလ်မာအူက ပြော သည်။


အမ်တီတီသည် အသင်း၏ အဓိက ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြကစားနိုင်သော် လည်း ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီကတည်းက ဘာစီလိုနာ အသင်းသို့ ရောက်ရှိခဲ့ပြီး နောက် ပိုင်း ဒဏ်ရာပြဿနာများဖြင့်သာ ရုန်းကန်နေရသဖြင့် တစ်ရာသီ လျှင် ၁၈ ပွဲခန့်သာ ပါဝင်ကစား နိုင်ခဲ့သည့်အပြင် လက်ရှိတွင် လည်း ခြေဖဝါးဒဏ်ရာကြောင့် အသင်း၏ ပွဲစဉ်များကို လွဲချော် မည်ဖြစ်သည်။                (သူရိန်)






အခြားဆက်စပ်သတင်းများ