နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ZTE Axon 11 SE 5G ကို ကြေညာ

 ဇွန် ၃


ZTE က Axon 11 SE 5G ကို ကြေညာလာပြီဖြစ်သည်။ Axon 11 SE 5G မှာ ၆ ဒသမ ၅၃ လက်မ IPS LCD မျက်နှာပြင် သုံးထားသည်။ မျက်နှာပြင် ဘယ်ထောင့်မှာ Punch-Hole ပါဝင်ပြီး ရှေ့ကင်မရာ 16MP ကို ထည့်သွင်းထားသည်။ Axon 11 SE 5G မှာ ဘက်ထရီ 4000 mAh ပါဝင်ပြီး 18W Fast Charging ထောက်ပံ့ထားသည်။ ကျောဘက်ကင်မရာ သုံးလုံးပါဝင်ကာ အဓိကကင်မရာက 48MP ဖြစ်သည်။ ဒုတိယကင်မရာက ၁၂၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်သည့် 8MP Ultrawide ကင်မရာဖြစ်ပြီး တတိယကင်မရာက 2MP Depth ဖြစ်သည်။ Dimensity 800 5G Chipset နှင့် ပါဝါထောက်ပံ့ထားကာ Dual-Mode 5G ထောက်ပံ့ထားသည်။ Android 10 OS အခြေခံ MiFavor UI သုံးထားပြီး လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားသည်။ Dual-SIM ၊ Wi-Fi 802.11ac ၊ Bluetooth 5.0 ၊ GPS ၊ USB Type C ၊ နားကြပ်ပေါက်တို့ ပါဝင်သည်။ Axon 11 SE 5G ကို 6GB RAM+128GB ကို ဒေါ်လာ ၂၈၀ ၊ 8GB RAM+128GB ကို ဒေါ်လာ ၃၂၂ နှင့် 8GB RAM+256GB ကို ဒေါ်လာ ၃၆၄ သတ်မှတ်ထားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ