နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မအူပင် (တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများလှူဒါန်း

မအူပင်၊  ဇန်နဝါရီ  ၁၃


ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မအူပင်(တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် မအူပင်မြို့ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ ပံ့ပိုးကူညီလှူဒါန်း သည့် ဆေးရုံသုံးပစ္စည်း ကျပ် ၆၃၁ သိန်းဖိုး လွှဲပြောင်းပေးအပ်ခြင်းကို ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီက ဆောင်ရွက်သည်။


လှူဒါန်းပွဲတွင် မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ အထွေထွေမန်နေဂျာ ဦးသန်းနိုင်က အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းတို့က လှူဒါန်းခြင်း အပေါ် မုဒိတာစကား‌ပြန်လည်ပြောကြားသည်။ ယင်းနောက် ဆေးရုံ သုံးပစ္စည်းများ  လွှဲပြောင်းပေးအပ်ရာ မအူပင်ခရိုင်အထွေထွေရောဂါကုဆေးရုံအုပ်ကြီးဒေါက်တာကျော်စွာလွင်က လက်ခံသည်။               

                     အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)






အခြားဆက်စပ်သတင်းများ