နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုလဲပရဟိတဖောင်ဒေးရှင်းအောက်ဆီဂျင်စက်ရုံဖွင့်လှစ်

မန္တလေး၊  ဇန်နဝါရီ  ၁၃


ချမ်းမြသာစည်မြို့နယ်၊ မဟာမင်းထင်တိုက်နိုင်ငံတော်ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကပုလဲဆရာတော် တည်ထောင်သော ပြည်ကြီးတံခွန်မြို့နယ်တံခွန်တိုင်ရပ်လောကတ္တစရိယပုလဲပရဟိတကျောင်းတွင်တည်ဆောက် ပြီးစီးသည့်ပုလဲအောက် ဆီဂျင်စက်ရုံဖွင်ပွဲကို ဇန်နဝါရီ ၁၀ ရက်၊ နံနက် ၈ နာရီ ၄၅မိနစ်က ကျင်းပသည်။ အခမ်းအနားသို့အလှူရှင်များ၊ စေတနာ့ဝန်ထမ်း လူမှု ရေးအသင်းအဖွဲ့များတက်ရောက်ကြသည်။


အခမ်းအနားတွင် ပုလဲဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာဝံသက ပြည်သူ့ကျန်းမာရေးအတွက်လိုအပ်သည့် အောက် ဆီဂျင်ထုတ်ပေးနိုင်သည့်အတွက် ဝမ်းသာပီတိဖြစ်ရကြောင်းနှင့်ရှေ့ ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်၍မိန့်ကြားသည်။


ထို့နောက် မင်္ဂလာအချိန်တွင်ပုလဲဆရာတော်နှင့် စေတနာအလှူ ရှင်များက အောက်ဆီဂျင်စက်ရုံကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာ များပက်ဖျန်းပေးကာစက်ခလုတ်နှိပ်၍ အောက်ဆီဂျင်ထုတ်စက်များ စတင်လည်ပတ်ပေးသည်။ 


ပုလဲအောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အောင်ပွဲအဖြစ် သက်ကြီး လူရွှင် တော်ကြီးများက မြေဝိုင်းအငြိမ့်ဖြင့် ညဘက်ဖျော်ဖြေတင်ဆက်သည်။ ပုလဲ ပရဟိတအောက်ဆီဂျင်စက်ရုံသည် ကျပ်သိန်း ၇၀ဝ၀ ကျော် ကုန် ကျပြီးတစ်နေ့လျှင်၄၀လီတာဆံ့ အောက်ဆီဂျင်အိုး ၅၀ဝ ထုတ်လုပ် ပေးနိုင်ကြောင်းသိရသည်။

                                             မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ