နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့သမတကမ်းခြေစက်တပ်ရေယာဉ်တစ်စီး စီဘီတွဲရေယာဉ်ဖြင့်ပွတ်တိုက်နစ်မြုပ်မှုဖြစ်ပွား

ရန်ကုန်၊  ဇန်နဝါရီ  ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်သမတကမ်းခြေရပ်ကွက်၊ စက်တပ်ရေယာဉ်သမ္ဗန်ဆိပ်မှ    ခရီးသည်တင်ရေယာဉ်တစ်စီး ဇန်နဝါရီ ၁၂ ရက်၊ နံနက် ၇ နာရီ ၄၀ မိနစ်က ရန်ကုန်မြစ်အတွင်းနစ် မြုပ်ခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ရေယာဉ်အမှတ် ၂၂၊ ဌေးမေတ္တာရေယာဉ်အား ရေယာဉ်မောင်း  ဦးမျိုးလွင်က  ခရီးသည်အမျိုးသားခြောက်ဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ၁၀ ဦးတင်ဆောင်လျက် သမတ ကမ်းခြေဆိပ်ကမ်းမှထွက်ခွာခဲ့ပြီး      ရန်ကုန်မြစ်အလယ်၊ ဗိုလ် တထောင်ဆိပ်ကမ်းနှင့်    ကိုက်သုံးရာကျော်ခန့်   အကွာအရောက် တွင် ရေယာဉ်ပန်ကာအား  အမှိုက်ပိုက်လိပ်များငြိတွယ်ခဲ့ ခြင်း ကြောင့်    စက်တပ်သမ္ဗန်ကိုစက်ရပ်နားကာ အမှိုက်ပိုက်လိပ် များရှင်းလင်းဖယ်ရှားစဉ် ရန်ကုန်မြစ်၏အနောက်ဘက်မှ အရှေ့သို့ မောင်းနှင်လာသည့် စီဘီတွဲရေယာဉ်အား အဝေးမှလှမ်းမြင်ရသည့် အတွက် စက်တပ်သမ္ဗန်ပေါ်ပါခရီးသည်များ  ရှောင်ရှားမောင်းနှင်ပေးရန်လက်ပြဝှေ့ရမ်းအချက်ပေးနေသော်လည်း အရှိန်မြှင့်  စက်သမ္ဗန် ၏ပဲ့ပိုင်းပွတ်တိုက်မိရာမှနစ်မြုပ်ခဲ့ရကြောင်း၊    ရေယာဉ်ပေါ်ပါ ခရီးသည်များအားလုံးကိုလည်း     ပတ်ဝန်းကျင်ရှိရေယာဉ်များ၏ ကူညီကယ်ဆယ်ပေးခြင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် ဖြိုးဖြိုးအမည်ပါတွဲရေယာဉ်နှင့် အိုဘီ ၃၃၀ အမှတ်တံဆိပ်ပါစီဘီတွဲယာဉ်နှင့်အတူ စက်တပ်သမ္ဗန်ရေယာဉ်မောင်းဦးမျိုးလွင်တို့အား ရေကြောင်းရဲတပ်ဖွဲ့စခန်းကဖြစ်စဉ် များအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အံ့ကြီးမောင်(ဒလ)






အခြားဆက်စပ်သတင်းများ