နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ပညာပေးသင်တန်းဖွင့်လှစ်

ဆီဆိုင်    ဇန်နဝါရီ      ၁၃


ပအိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဆီဆိုင်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန နှင့်ပူးပေါင်းဖွင့်လှစ်သည့်  နောင်ကျောကျေးရွာအုပ်စု ဟော်မြောက် ကျေးရွာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍  စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ပညာပေးသင်တန်းကို  ဇန်နဝါရီ ၁၁ ရက်က  ဖွင့်လှစ်သည်။


အဆိုပါ  စိုက်ပျိုးရေးဆိုင်ရာ  အလေ့အကျင့်ကောင်းများ ပညာပေးသင်တန်းသို့ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်း တွင် စိုက်ပျိုးရေးဆိုင်ရာစက်ပစ္စည်းသုံးစွဲစနစ်၊  သိပ္ပံနည်းကျ စိုက်စနစ်၊  စပါးမျိုးသန့်နည်းပညာစသည့် ဘာသာ ရပ်ဆိုင်ရာများကို   ခုနစ်ရက်ကြာ စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပို့ချမည် ဖြစ်သည်။              ချိုသန်းညွန့်(ကျေးလက်)






အခြားဆက်စပ်သတင်းများ