နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

မြင်းခြံ    ဇန်နဝါရီ      ၁၃


မြင်းခြံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိမြို့နယ်များမှ တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မီနီ ဘတ်ဂျက်ကာလအတွင်း ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး ရေပေးရေး Epanet ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၀ ရက်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက် များနှင့်အညီကျင်းပသည်။


ရှေးဦးစွာ မြင်းခြံခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူးဒေါ်ကြည်ကြည်မာက အဖွင့် အမှာစကားနှင့်သင်တန်းဖွင့်လှစ်ရခြင်း             ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားရာတွင် အင်ဂျင်နီယာဝန်ထမ်း များအနေဖြင့် ရုံးလုပ်ငန်းများဆောင် ရွက်ရာတွင် ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များအတိုင်းရုံးလုပ်ငန်း များဆောင်ရွက်ရာတွင်   Computerize System ဖြင့် ကောင်းမွန်စွာအသုံးပြု         နိုင်ရန်နှင့်လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေ ရန်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်ကာလတွင်ဝန်ထမ်းဆိုင် ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင် တန်းဖြစ်သည့်ရေပေးရေး  Epanet ရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင် ကြားပေးခြင်းဖြစ်ကြောင်း၊  သင်တန်း ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ သင်တန်းကာလ   တစ်ပတ်ကြာ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးကို ပြင်ပကျွမ်းကျင်ဆရာ ငှားရမ်းကာ သင်ကြားပေးမည်ဖြစ်သည်။    ချစ်ဦးကို






အခြားဆက်စပ်သတင်းများ