နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀-၂၀၂၁ တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၄၀၀ ကျော် ဖွင့်လှစ်သင်ကြားနေ

ရန်ကုန်  ဇန်နဝါရီ  ၁၃


တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၄၈၉ ကျောင်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။


ဘုန်းတော်ကြီးသင် ပညာ ရေးကျောင်းများသည် မြန်မာ နိုင်ငံ ပညာရေးကော်မတီ၏ မူဝါဒများ ပညာရေးဝန်ကြီး ဌာနက ပြဌာန်းထားသော အခြေခံ သင်ရိုးညွှန်းတမ်းများ အတိုင်း သင်ကြားပို့ချလျက်ရှိ သည်။


၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာ နှစ်ကစ၍ ဘုန်းတော်ကြီးသင် ပညာကျောင်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် စေတနာ့ ဝန်ထမ်းဆရာ၊ ဆရာမများကို နိုင်ငံတော်အစိုးရက လစဉ် ထောက်ပံ့ငွေများ ပေးအပ်ချီး မြှင့်ခဲ့သည်။


ဘုန်းတော်ကြီးသင် ပညာ ရေးကျောင်းများကို ဆင်းရဲ ချမ်းသာမရွေး လူတိုင်းအရေး အဖတ်အတွက် အခြေခံပညာ နှင့် ခေတ်ပညာတတ်မြောက် စေရန်၊ ပညာသင်ကြားရေးမှာ စရိတ်သက်သာပြီး လွယ်ကူမှုရှိ စေရန် ကိုယ်ကျင့်တရားကောင်း မွန်ပြီး အများအကျိုး နိုင်ငံ အကျိုးသယ်ပိုးလိုသည့် သား ကောင်း သမီးကောင်းများ ဖြစ် လာစေရန် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို သိရှိလိုက်နာ နိုင်စေရန် ဗုဒ္ဓဘာသာ၊ သာသနာ တော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သားသိရှိနားလည် ပြီး အနာဂတ်သာသနာတော်ကို တာဝန်ယူစောင့်ရှောက်ကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ် လာစေရန် စသည့်ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး စာတတ်မြောက်ရေး အပြင် ပြည်သူ့နီတိ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာများနှင့် ၃၈ ဖြာ မင်္ဂလာတရားတော်များ ကိုလည်း သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။

နန္ဒာဆွေ(မြို့တော်)






အခြားဆက်စပ်သတင်းများ