နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရီးယားဓာတ်မြေဩဇာ စက်ရုံဈေးအတိုင်း ရောင်းချ

ကောလင်း၊ ဇန်နဝါရီ  ၁၃


ကောလင်းမြို့နယ်အတွင်း ဆောင်း သီးနှံနှင့် နွေစပါးစိုက် တောင်သူများသို့ စက်ရုံထုတ်ဈေးနှုန်းအတိုင်း ယူရီးယား ဓာတ်မြေဩဇာများ   ရောင်းချခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပ သည်။


အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက်  မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှမြင့်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝ မြေဩဇာနှင့်  ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး သစ်စိမ်းမြေဩဇာ စိုက်ပျိုးသုံးစွဲရေး၊  သဘာဝမြေဩဇာ များ ပြုလုပ်သုံးစွဲရေးနှင့် လယ်ယာလုပ်ငန်း တွင် အကျိုးပြု  အဏုဇီဝပိုးများ၏ အခန်းကဏ္ဍ အရေးကြီးမှုကို တောင်သူ များသိရှိစေရန်   ပညာပေးခြင်းများ ဆောင်ရွက်သည်။


ကောလင်းမြို့နယ်အတွင်း ဆောင်း သီးနှံဧက ၆၀၀၀၀ ကျော်နှင့် နွေစပါး စိုက်ဧက ၄၀၀၀ ကျော် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော ဓာတ်မြေဩဇာကို ပြည်ပမှ ဈေးနှုန်း ကြီးမြင့်စွာဖြင့် ဝယ်ယူတင်သွင်းရန် ခက်ခဲ နေသောအချိန်တွင် ဆောင်းသီးနှံနှင့် နွေစပါးစိုက် တောင်သူများကို စက်ရုံ ထုတ် ဈေးနှုန်းအတိုင်း ယူရီးယား ဓာတ်မြေဩဇာများ ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ