နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အားဖြည့်ကာကွယ်ဆေးများသည် ဗီဇပြောင်း ကိုဗစ်ပိုးအတွက် လုံလောက်ခြင်းမရှိ

ဂျီနီဗာ၊  ဇန်နဝါရီ  ၁၃


ကိုဗစ် အားဖြည့်ကာကွယ်ဆေး များသည် အိုမီခရွန် အပါအဝင် ထပ်မံ ပေါ်ထွက်လာသော  မျိုးဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ်ပိုးသစ်များအတွက် လုံလောက် ခြင်းမရှိကြောင်း WHO က ထုတ်ပြန် သည်။ ထို့ကြောင့် လက်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အဆင့် မြှင့်တင် ရဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က အသိပေးပြောကြားထာ းသည်။ 


လက်ရှိကာကွယ်ဆေးများသည် မျိုး ဗီဇပြောင်းဗိုင်းရပ်စ်များမှ တဆင့်ဖြစ်ပေါ် လာသော ရောဂါပြင်းထန်မှုနှင့် သေဆုံး မှုတို့အတွက် အဆင့်မြင့် ကာကွယ်ဆေး အဖြစ်  ပံ့ပိုးပေးနိုင်သော်လည်း ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ရန် ကာ ကွယ်ဆေးများ ထပ်မံလိုအပ်နေသေး ကြောင်း ကျွမ်းကျင်ပညာရှင် ၁၈ ဦး ပါဝင် သော WHO ၏ ကိုဗစ် -၁၉ ကာကွယ်ဆေး ပေါင်းစပ်ဖွဲ့စည်းမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့က ပြောကြားသည်။ 


ကျွမ်းကျင်ပညာရှင်များ၏ ပြော ကြားချက်အရ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်သူများကို အိုမီခရွန် အထူးပြု ကာကွယ်ဆေးများ၏ လုပ်ဆောင်ချက် ဆိုင်ရာအချက်အလက်များ ပံ့ပိုးရန်၊ ကာကွယ်ဆေး ပေါင်းစပ်မှုအတွက် ဆုံး ဖြတ်ရာတွင် ကူညီရန် တိုက်တွန်းထား ကြောင်း သိရသည်။  ထို့ပြင် လက်ရှိ ကိုဗစ်ကာကွယ်ဆေးများ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ရရှိရန်မှာ အရေးကြီး ကြောင်း ကျွမ်းကျင်ပညာရှင်များက အလေးထား ပြောကြားသည်။  

(Ref:BBC)






အခြားဆက်စပ်သတင်းများ