နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါပုံ စံပြ ၂ လမ်း နေအိမ်တိုက်ခန်း မီးလောင်မှုဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

 

ဒေါပုံမြို့နယ် ယမုံနာ-၂ရပ်ကွက် စံပြ ၂ လမ်းရှိအမှတ် ၁၄၉၊ ၆ ထပ်တိုက်၊  ၅ လွှာခြေရင်း နေအိမ်ခန်းတွင် ယမန်နေ့ ည ၈ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ ဒေါပုံနှင့် သာကေတမြို့နယ် မီးသတ်စခန်းများက မီးသတ်ယာဉ်ငါးစီး သွားရောက်ငြှိမ်းသတ်ရာ ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသွားသည်။


ဖြစ်စဉ်မှာ ဒေါ်ယွန်းသီရိကျော်၊ ၂၅ နှစ်၊ ဘ ဦးကျော်ကျော်လင်းသည် လျှပ်စစ်မီးပျက်နေစဉ် မီးခလုတ် များပိတ်ရန်မေ့လျော့ရာမှ လျှပ်စစ်မီးပြန်လာသောအခါ အပူလွန်ကဲ၍ ဝါယာရှော့ခ် ဖြစ်ကာလောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရသည်။

                                                                       

ကျော်သူထက်






အခြားဆက်စပ်သတင်းများ