နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချမ်းမြသာစည်မြို့နယ်အတွင်း ဆိုင်ကယ်လုယက်သူများ ဖမ်းဆီးရမိ

မန္တလေး ဇန်နဝါရီ ၁၈


မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဆိုင်ကယ်လုယက်မှုများ လျော့နည်းကျဆင်းရေး၊ လုယက်သူများ အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်လျက်ရှိရာ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များက  ဇန်နဝါရီလဆန်းက ချမ်းမြသာစည် မြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဓားနှင့်ခုတ်ပြီး ဆိုင်ကယ် များကို လုယက်သူ ၇ ဦးအား လုယူရာတွင်အသုံးပြုသည့်ဓားလက်နက် များနှင့်အတူ ဖမ်းဆီးရမိသည်။


၎င်းတို့လုယူခဲ့သည့် ဆိုင်ကယ်မျိုးစုံ ၁၂ စီးကို သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်သူများအား တရားရုံးတင်စစ်ဆေးပြီးချိန်တွင် နစ်နာ သူပိုင်ရှင်အား ဆိုင်ကယ်ပြန်လည်ပေးအပ်မည်ဖြစ်ရာ (ကမ-၃) ယာဉ်မှတ်ပုံတင်စာအုပ်များ ယူဆောင်၍ ချမ်းမြသာစည်မြို့နယ် နယ်မြေရဲစခန်းတွင် ဆိုင်ကယ်များ၏ စက်အမှတ်၊ ဘောက်ချာအမှတ် များ စစ်ဆေးနိုင်ကြောင်း သိရသည်။          

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ