နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဏ်တွင် လူစုလူဝေးဖြစ်ခြင်းကို သက်သာစေရန် AGD ဘဏ်မှ ထူးခြားဆန်းသစ်သော ''AGD GO" Application ကို စတင်မိတ်ဆက်

 ရန်ကုန် ဇွန် ၃


မြန်မာနိုင်ငံ၏ အထင်ကရဘဏ်ကြီးများထဲမှ တစ်ခုဖြစ်သော AGD ဘဏ်သည် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူချောမွေ့စေမည့် တက်ဘလက်အခြေပြုဘဏ်ဝန်ဆောင်မှုဖြစ်သည့် “AGD GO” Application သစ်ကို စတင်မိတ်ဆက်လိုက်ကြောင်းကို ဇွန် ၃ ရက်က ကြေညာလိုက်သည်။


AGD ဘဏ်၏ဝန်ဆောင်မှု (Customer Service) ဝန်ထမ်းများကို ထူးခြားဆန်းသစ်သည့် App အသစ်ကို မိတ်ဆက်ပေးလိုက်ခြင်းဖြင့် ဘဏ်ခွဲများအားလုံးရှိ ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို ဒစ်ဂျစ်တယ်လ်အသွင် ပြောင်းလိုက်နိုင်ပြီး ယခင်ထက်များစွာအဆင်ပြေလွယ်ကူသွားစေမည်ဖြစ်သည်။


Application အသစ်သည် ဘဏ်လုပ်ငန်းအခြေခံအဆောက်အဦများ၏ ရေရှည်တည်တံ့မှုကိုမြင့်တက် စေပြီး ထိရောက်သောလုပ်ငန်းစဉ်များမှ ယခင်ကကဲ့သို့ Desktop ကွန်ပျူတာများကို အဓိကအားကိုးနေရခြင်း ကြောင့် ဘဏ်ခွဲများတွင် လူစုမိခြင်းကို သိသာထင်ရှားစွာလျှော့ချပေးနိုင်မည်ဖြစ်သည်။

ငွေသားထည့်သွင်းခြင်း၊ ငွေသားထုတ်ယူခြင်း၊ ငွေလက်ကျန်စစ်ဆေးခြင်းနှင့် အသေးစားထုတ်ပြန်ချက်များ၊ အစီရင်ခံစာများကို ကြည့်ရှုခြင်းများစသည့်ဝန်ဆောင်မှုများအားလုံးကို “AGD GO” မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ Application ကို မကြာမီကာလအတွင်း AGD ငွေစာရင်းများကြား ငွေလွှဲပြောင်းခြင်း၊ စာရင်းဖွင့်ခြင်း၊ ဘဏ်အချင်းချင်းငွေလွှဲခြင်းစသည်တို့တွင်လည်း အသုံးပြုနိုင်လိမ့်မည်ဖြစ်သည်။


ဘဏ်ခွဲတစ်ခုသို့ Customer တစ်ဦးရောက်ရှိလျှင် ဝန်ထမ်းမှ “AGD GO” Application ကို အသုံးပြုပြီး ငွေလွှဲခြင်း(သို့)ရယူလိုသည့် ဝန်ဆောင်မှုများအတွက် လိုအပ်သည့်အချက်အလက်များကို ဖြည့်သွင်းမည်ဖြစ် သည်။ မကြာမီအချိန်တွင် Customer ၏ မှတ်ပုံတင်ထားသော ဖုန်းထဲသို့ တစ်ခါသုံး Password (OTP) ဝင်ရောက်လာမည်ဖြစ်ပြီး လုံခြုံရေးစနစ်အရ ဝန်ထမ်းမှလည်း ယင်း၏ လျှို့ဝှက်နံပါတ်ကို ပေးအပ်လိမ့်မည် ဖြစ်သည်။ ငွေလွှဲ၊ ငွေယူပြီးသည့်နောက် လက်ခံဖြတ်ပိုင်းကို Bluetooth Printer ဖြင့် ထုတ်ပေးမည်ဖြစ် သည်။ Customer သည် လက်ခံဖြတ်ပိုင်းကိုရရှိပြီးသည့်နောက် ရှည်လျားသောပုံစံများကို ဖြည့်သွင်းစရာ မလိုအပ်ဘဲ ရိုးရှင်းပြီး အချိန်ကုန်သက်သာစေသည့် ဤလုပ်ငန်းစဉ်ဖြင့်သာ ငွေလွှဲခြင်း၊ ငွေယူခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။


“AGD GO” နှင့် အခြားဝန်ဆောင်မှုများအကြောင်းသိရှိလိုပါက AGD ဘဏ်၏ဝက်ဘ်ဆိုက်ဖြစ်သော https://www.agdbank. com/ သို့မဟုတ် တရားဝင် Facebook စာမျက်နှာ https://www.facebook.com/AGDBank/ တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။

(WP)






အခြားဆက်စပ်သတင်းများ