နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်ရန် အတိုက်အခံခေါင်းဆောင် တောင်းဆို

လန်ဒန်  ဇန်နဝါရီ    ၁၇


ဒေါင်းနင်းလမ်းနေအိမ်တွင် ပါတီပွဲ ကျင်းပခဲ့ခြင်းနှင့်ဆက်စပ်၍ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ရာထူးမှထွက်ပေးရန် လေဘာပါတီ ခေါင်းဆောင် စတာမာက ဇန်နဝါရီ ၁၆ ရက်တွင် ထပ်မံတောင်းဆိုလိုက်သည်။   အတိုက်အခံခေါင်းဆောင် စတာမာ အနေဖြင့်  ယခုကဲ့သို့ ထပ်မံတောင်းဆို ရခြင်းမှာ ကိုဗစ်ကာလအတွင်း ပါတီပွဲ ကျင်းပမှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ကိုင်တွယ်တုံ့ပြန်ပုံ များမှာ အစိုးရအဖွဲ့အပေါ် ပြည်သူများ ၏ယုံကြည်မှုကို ပိုမိုကင်းမဲ့စေကြောင်း ထောက်ပြဝေဖန်လိုက်ခြင်းဖြစ်သည်။ 

  

ပြီးခဲ့သည့်  ၂၀၂၀ ပြည့်နှစ် မေလ အတွင်း ပထမအကြိမ်လော့ဒေါင်း ကာလအဖြစ် အများပြည်သူများအပြင် မထွက်ရန် တားမြစ်ထားချိန်တွင် ဝန်ကြီးချုပ်ရုံးရှိရာ ဒေါင်းနင်းလမ်း၌ ပါတီပွဲကျင်းပခဲ့ခြင်းကြောင့် ယင်း ဖြစ်စဉ်မှာ လက်ရှိအချိန်ထိ ဂယက် ရိုက်နေခြင်းဖြစ်သည်။  


အဆိုပါ ပါတီပွဲသည် မင်းသားကြီး ဖိလစ်၏ ဈာပနချသည့် ညနေပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါတီကျင်းပခဲ့မှုနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်အနေဖြင့် ယခုလ ၁၅ ရက်တွင် တော်ဝင်မိသားစုထံ သွားရောက် တောင်းပန်ထားသည့်အပြင် ပြည်သူ များထံသို့လည်း လူသိရှင်ကြားတောင်းပန် ထားပြီးဖြစ်သည်။  သို့ရာတွင် ယင်း လုပ်ရပ်အပေါ်တာဝန်ယူစေရန် ရာထူး မှနုတ်ထွက်ပေးခြင်းကိုသာ တောင်းဆို မှုများ ဆက်လက်လုပ်နေကြကြောင်း သိရသည်။                    (ref:Reuters)






အခြားဆက်စပ်သတင်းများ