နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်၊ တက္ကဆက်ရှိ ဂျူးဘုရားကျောင်း ဗြိတိန်ပြန်ပေးသမား FBI နှင့် SWAT လုံခြုံရေးများက အသေဖမ်းဆီး

ဝါရှင်တန်   ဇန်နဝါရီ    ၁၇


အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ ဂျူးဘုရား ရှိခိုးကျောင်းတွင် လူလေးဦးကို ၁၀ နာရီကြာ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သူ သည် အသက် ၄၄ နှစ်အရွယ် ဗြိတိန် နိုင်ငံသားတစ်ဦးဖြစ်ကြောင်း အမေရိကန် FBI အာဏာပိုင်များက ဇန်နဝါရီ ၁၇ ရက်က ထုတ်ဖော်လိုက်သည်။  


ယင်းကို ဘုရားရှိခိုးကျောင်းမှာပင် အမေရိကန် FBI နှင့် SWAT လုံခြုံရေး အဖွဲ့များက သေနတ်နှင့်ပစ်ပြီးအသေ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ တိုက်ရိုက် ထုတ်လွှင့်ပြသချက်များအရ ဓားစာခံ များကို ဖမ်းဆီးခဲ့သည့် ဗြိတိန်နိုင်ငံသား Malik Faisal Akram ဆိုသူသည် အမေရိကန်စစ်တပ် အရာရှိများကို သတ်ရန်ကြိုးပမ်းကာ အမေရိကန် အကျဉ်းထောင်တွင် ထောင်ဒဏ် ၈၆ နှစ်ချမှတ်ခံထားရသည့် ပါကစ္စတန် အမျိုးသမီး အာရုံကြောခွဲစိတ်အထူးကု Aafia Siddiqui ကို လွှတ်ပေးရန်         အော်ဟစ်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 


တက္ကဆက်ရှိ Beth Israel အသင်းတော်ကျောင်းတွင် ပြီးခဲ့သည့် စနေနေ့က ဓားစာခံလေးဦးကို ဖမ်းဆီး ခဲ့သည့် Malik Faisal Akram ကို နောက်ဆုံးဓားစာခံ ဘုရားကျောင်း အတွင်းမှ ပြန်လည်လွတ်လာပြီးနောက် အမေရိကန် လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်ဖမ်းဆီးခဲ့သည်။ 


ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်သည့် FBI ၏ ကြေညာချက်တွင်မူ Malik Faisal Akram ၏ အကြမ်းဖက် လုပ်ရပ်တွင် အခြားမည်သူမျှပါဝင် သည့် အရိပ်အယောင်မရှိကြောင်း ဖော်ပြထားသည်။           (ref:Reuters)






အခြားဆက်စပ်သတင်းများ