နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Twitter က ဝန်ထမ်းများကို Work from Home အမြဲပြုလုပ်ခွင့်ပေးခဲ့

ရန်ကုန်   ဇွန် ၃

Twitter ကုမ္ပဏီက ဝန်ထမ်းများကို အိမ်မှ Work from Home အမြဲတမ်းပြုလုပ်ခွင့်ကို ပြီးခဲ့သည့် မေလလယ်ပိုင်းကတည်းက ခွင့်ပြုခဲ့ကြောင်းကို CEO Jack Dorsey က ပြောထားသည်။ ယခုဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြီးကင်းစင်သွားချိန်တွင် အိမ်မှအလုပ်လုပ်ရန်ဆန္ဒရှိသူများကို ခွင့်ပြုကြောင်း Twitter ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောထားသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေကြောင့် ပိတ်ထားသည့်ရုံးခန်းကို အခြေအနေပေါ်မူတည်ပြီး စက်တင်ဘာလမှ စိတ်ချရသည့် အခြေအနေရောက်ပါက ပြန်ဖွင့်သွားရန်ရှိသော်လည်း အိမ်မှာသာ ဆက်လက်အလုပ်လုပ်ချင်သည့် ဝန်ထမ်းများကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်သည်။

Twitter ရုံးခန်းကိုလည်း ပေါ်လစီအသစ်တွေချမှတ်ပြီး Social Distancing စည်းမျဉ်းအတိုင်း လိုက်နာ ဆောင်ရွက်နိုင်စေရန် ပြင်ဆင်ထားကာ ကပ်ရောဂါအလွန်အခြေအနေတွင် လုပ်ငန်းများပြန်လည်ပတ်နိုင်ရန် စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။

အခြားနည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Facebook, Microsoft, Google တို့ကလည်း အိမ်မှ Work from Home အလုပ်ပုံစံပြောင်းလိုက်ပြီးနောက် ဝန်ထမ်းများကို ရုံးခန်းတွင် ပြန်အလုပ်လုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသည်။

Google က ဝန်ထမ်းအများစုကို Work from home လုပ်ဆောင်ရန် ၂၀၂၁ အထိပေးထားသော်လည်း အချို့က နွေရာသီအစပိုင်းတွင် ရုံးပြန်လာကြမည်ဖြစ်ပြီး Facebook ကလည်း ရုံးခန်းများကို ဇူလိုင် ၄ ရက် တွင် ပြန်ဖွင့်ရန်စီစဉ်ထားပြီး အိမ်၌အလုပ်လုပ်နိုင်သည့်ဝန်ထမ်းများကို လာမည့်နှစ် ၂၀၂၁ အထိ Work from Home လုပ်ခွင့်ပေးထားကြောင်း သိရသည်။                                                                                 

 (WP)






အခြားဆက်စပ်သတင်းများ