နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ ပါကစ္စတန်ခွဲထွက်ချိန် ကွဲကွာ ညီအစ်ကိုနှစ်ဦး ၇၄ နှစ်အကြာတွင် ပြန်လည်တွေ့ဆုံ

နယူးဒေလီ၊ ဇန်နဝါရီ  ၁၅


၁၉၄၇ ခုနှစ်တွင် ပါကစ္စတန်သည် အိန္ဒိယမှခွဲထွက်ခဲ့ပြီး ထိုစဉ်ကတည်း ကကွဲကွာသွားသော ညီအစ်ကိုနှစ်ဦး ဖြစ်သည့် မိုဟာမက်ဆီခီနှင့် ယင်း၏ အစ်ကိုဖြစ်သူ ဗစ်အာလီယပ်ရှီတို့နှစ်ဦး မှာ ၇၄ နှစ်အကြာတွင် ပြန်လည်တွေ့ဆုံ ခွင့်ရကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြချက်အရ သိရသည်။ 


ကွဲကွာသွားချိန်တွင် ညီဖြစ်သူ မို ဟာမက်ဆီခီသည် မွေးကင်းစကလေး အရွယ်သာရှိပြီး အစ်ကိုဖြစ်သူ ဗစ်အာလီ ယပ်ရှီလာကမူ အိန္ဒိယနိုင်ငံတွင်ကြီး ပြင်းခဲ့ကြောင်း၊ ယခု ၇၄ နှစ် အကြာ အိန္ဒိယ-ပါကစ္စတန်နယ်စပ် နှစ်နိုင်ငံ ဘုရားဖူးများ ဗီဇာမလိုဘဲသွားနိုင်သည့် ကာတာပူရ်ဘုရားကျောင်းတွင် ညီ အစ်ကိုနှစ်ယောက်ပြန်လည်ဆုံတွေ့ ခွင့် ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


ယင်းတို့နှစ်ဦး ပြန်လည်ဆုံတွေ့ နေကြသည့် ဗီဒီယိုသည် လူမှုကွန်ရက် စာမျက်နှာတွင် အများစိတ်ဝင်စားသော ဗီဒီယိုတစ်ခုဖြစ်ခဲ့ပြီး မိုဟာမက်ဆီခီ သည် ပါကစ္စတန်နိုင်ငံရှိ ဖိုင်ဆလာဘတ် မြို့တွင်နေထိုင်ကာ  အကိုကြီးဖြစ်သည့် ဟာဗစ်အာလီယပ်ရှီလာကမူ အိန္ဒိယ နိုင်ငံရှိ   ပန်ဂျပ်ပြည်နယ်တွင် နေထိုင် သည်။ 


ယင်းတို့နှစ်ဦးသည် တစ်ယောက် လက်မောင်းပေါ်တစ်ယောက် ငိုနေကြ ခြင်းကို ထိုဗီဒီယိုတွင်မြင်နေရပြီးဘေး နားရှိ လူများကလည်း ယင်းတို့နှစ်ဦး ၏ ခံစားချက်များစွာနှင့် ပွေ့ဖက်နေကြ သည်ကို ကြည့်ရှုခဲ့ကြသည်။ ညီအစ်ကို နှစ်ဦးအနေဖြင့် နယ်စပ်ရှိဘုရားကျောင်း ကို ဗီဇာမလိုဘဲသွားရောက်လည်ပတ် ခွင့်ရရန်  လုပ်ပေးထားသောအစိုးရ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ပြောကြားထားသည်။ 

(Ref: Indiatoday)






အခြားဆက်စပ်သတင်းများ