နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်နှင့် RCEP သဘောတူညီချက် လက်တွေ့အကောင်အထည်ဖော်ရန် တရုတ်အသင့်ရှိ

ပေကျင်း၊  ဇန်နဝါရီ ၁၅


ပြီးပြည့်စုံသည့် ဒေသဆိုင်ရာ စီးပွားရေးမိတ်ဖက်ပြုရေး ဟု ခေါ်သော ကုန်သွယ်ရေး သဘောတူညီချက် (RCEP) ကို လက်တွေ့ဆန်စွာအကောင်အထည်ဖော်ရန် အသင့် ရှိနေကြောင်း တရုတ်ဝန်ကြီးချုပ် လီခချန်က ဇန်နဝါရီ ၁၄ ရက်တွင် ဗီယက်နမ်ကို ပြောကြားလိုက်သည်။ 


ဗီယက်နမ်ဝန်ကြီးချူပ် ဖမ်မင့်ချင့်နှင့် တယ်လီဖုန်းဖြင့် စကားပြောရာတွင် တရုတ် ဝန်ကြီးချုပ်အနေဖြင့် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်အတူတကွ အလုပ်လုပ် ရန်ဆန္ဒရှိနေပြီး RCEP သဘောတူညီချက်များတွင်လည်း ဒေသတွင်းစီးပွားရေး ပေါင်းစပ်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ကာ ဒေသခံများ အတွက် အကျိုးရှိစေလိုကြောင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ RCEP ကုန်သွယ်ရေး သဘောတူညီချက်သည် ကမ္ဘာ့အကြီးဆုံးလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီ ချက်ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာအသုံးပြု အသက်ဝင်ပြီ ဖြစ်ကြောင်း သိရသည်။  


RCEP ၏ အဓိကရည်ရွယ်ချက်သည် ဒေသအတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး စီးဆင်းစေရန်ဖြစ်ပြီး ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံ မှုများ အပြင် စက်မှုလုပ်ငန်းများ တည်ငြိမ်စွာလည်ပတ်ရေးနှင့် ကုန်စည်စီးဆင်းမှု တည်ငြိမ်ရေးတို့ကိုလည်းကောင်းမွန်စေရန်ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်းဖြစ် ကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောသည်။ ဗီယက်နမ်ဝန်ကြီးချုပ်ကမူ ဗီယက် နမ်နိုင်ငံသည် အကောက် ခွန်ရှင်းလင်းခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ပူးပေါင်းဆောင် ရွက်ခြင်းနှင့် ခြားနားမှုများကို ကောင်းမွန်စွာဖြေရှင်းခြင်းတို့တွင် တရုတ်နိုင်ငံ နှင့်အတူတကွလုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ပြန်လည်ပြောကြားသည်။                                                                   (Ref: BBC)






အခြားဆက်စပ်သတင်းများ