နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနောက်နိုင်ငံများနှင့် ငြိမ်းချမ်းရေးနည်းလမ်းအရ ထိပ်သီးဆွေးနွေးပွဲ ယူကရိန်း ကျင်းပလို

ကိယက်ဗ်၊  ဇန်နဝါရီ ၁၅


ယူကရိန်းသမ္မတ  ဗိုလိုဒီမာဇယ် လန်းစကီးအနေဖြင့် ပြင်သစ်၊ ဂျာမနီ၊ ရုရှားတို့နှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပ လိုကြောင်း ပြောကြားလိုက်ပြီး ဆွေးနွေး ပွဲကို ငြိမ်းချမ်းရေး နည်းလမ်းတစ်ခု အဖြစ် ၂၀၁၄ ခုနှစ်တွင် သဘောတူခဲ့သည့် နော်မန်ဒီ သဘောတူညီချက် ပုံစံသစ်တစ် မျိုးဖြင့်ကျင်းပမည်ဖြစ်ကြောင်း  သိရ သည်။  


ထိုသို့လုပ်ဆောင်ပါက ယူကရိန်း အကျိုးစီးပွားအတွက် ပိုမိုသင့်တော်မည် ဖြစ်ပြီး အင်အားကြီးမားသော အနောက် နိုင်ငံများ၏ အငြင်းပွားမှုများအတွင်း ယူကရိန်း၏ ပြောဆိုခွင့်ပျောက်သွား မည်ကို ယူကရိန်း သံတမန်များက စိုးရိမ် နေကြောင်း သိရသည်။ 


လက်ရှိတွင် ယူကရိန်းအနေဖြင့် ၎င်း တို့၏ အာဘော်ကို အခြားနိုင်ငံများသိရန် နော်မန်ဒီပုံစံသစ်ကို ကျင့်သုံးလိုကြောင်း အဆိုပြုထားပြီး ယင်းအဆိုပြုချက်ကို အခြားနိုင်ငံများအနေဖြင့် မည်သို့တုံ့ပြန် မည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြောကြားသည်။ 


မော်စကိုသည် ဆွေးနွေးသည့်အချိန် ကို အကန့်အသတ်ဖြင့်သာပေးမည်ဖြစ် သော်လည်း  ဆွေးနွေးပွဲတွင် တိုးတက်မှု  ရလဒ်ကိုသာ ချက်ချင်းရရန် လိုလားနေပြီး အနောက်နိုင်ငံ ခေါင်းဆောင်များက မူ    အကျိုးအမြတ်ရရန်ကိုမြင်နေကြ ကြောင်း ယူကရိန်းသမ္မတက ဆိုသည်။ အမေရိကန်ကမူ ဥရောပ မဟာမိတ်များ အနေဖြင့် နိုင်ငံကာကွယ်ရေးအတွက် ကိုယ်တိုင်တာဝန်ယူရန်လိုကြောင်း ပြော ကြားထားသည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ