နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်း ကိုဗစ်မျိုးကွဲသစ်များကြောင့် စီးပွားရေးအခြေအနေများအပေါ် ကမ္ဘာ့ဘဏ်သတိပေး

ဇန်နဝါရီ ၁၅


အိုမီခရွန်နှင့် အခြားသော ကိုဗစ် မျိုးကွဲသစ်များ ပြန့်ပွားလာခြင်းကြောင့် နှေးကွေးကျဆင်းနေသည့်    ကမ္ဘာ့ စီးပွားရေး ကို ပိုမိုအခြေအနေဆိုးသွားစေ နိုင်ကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ များမှာပိုမိုထိခိုက်နိုင်ပြီး ၀င်ငွေမညီမျှ မှုများ ပိုဆိုးလာနိုင်ကြောင်း ကမ္ဘာဘဏ် က သတိပေး ပြောကြားသည်။ 


ကမ္ဘာဘဏ်၏  ခြောက်လပတ် နှစ်၀က်အစီရင်ခံစာတွင် ဖော်ပြချက်အရ ယခုနှစ်အတွင်း ကမ္ဘာစီးပွားရေးတိုး တက်မှုနှုန်းသည် ပြီးခဲ့သည့် ဇွန်လက ထုတ်ပြန်ထားသည့်နှုန်းထက် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ် ကြောင်း ခန့်မှန်းထားသည်။ 


အလားတူ လာမည့် ၂၀၂၃ ခုနှစ် တွင်မူ  ၃ ဒသမ၂ ရာခိုင်နှုန်း ထပ်မံ နှေးကွေး   ကျဆင်းသွားနိုင်ကြောင်း ကမ္ဘာဘဏ်က ယင်း၏ အစီရင်ခံစာတွင် တွက်ချက်ခန့်မှန်းထားသည်။ အစီရင် ခံစာတွင် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တရုတ်တို့၏ စီးပွားရေးကျဆင်းမှုများကို ဖော်ပြထားသလို၊ ကြွေးမြီမြင့်တက်မှု၊ ၀င်ငွေမညီမျှမှုများနှင့်      ကိုဗစ်မျိုးကွဲ သစ်များ ပျံ့နှံလာမှုကြောင့် ဖွံဖြိုးဆဲနိုင်ငံ များ  ပြန်လည်နလန်ထလာနိုင်မှုအပေါ် ခြိမ်းခြောက်နေသည့် အန္တရာယ်များ ကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ကိုဗစ်ကပ်ရောဂါသည်  သုံးနှစ်တာ ကာလရှိနေပြီဖြစ်ကာ  ဖွံ့ဖြိုးဆဲနိုင်ငံ များအပေါ် အကြီးအကျယ်ထိခိုက်စေပြီး အခက်အခဲများကို ရေရှည်ခံစားရမည် ဖြစ်ကြောင်း ကမ္ဘာဘဏ် ဥက္ကဋ္ဌ David Malpass က ပြောကြားသည်။

(Ref:BBC)






အခြားဆက်စပ်သတင်းများ