နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းအစိုးရဌာနများ ဆိုက်ဘာတိုက်ခိုက်ခံရမှု နောက်ကွယ်တွင် ရုရှားရှိနေကြောင်း အမေရိကန် စွပ်စွဲ

ကမ်ပါလာ၊  ဇန်နဝါရီ ၁၆


မကြာမီရက်ပိုင်းက ယူကရိန်း အစိုးရ ဌာနများအနေဖြင့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာကြီးမားသည့် တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရပြီး ယင်းတိုက်ခိုက်မှုနောက် ကွယ်တွင်  ရုရှားရှိနေကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးဖြစ် သည့် ဗစ်တိုးရီးယားလန်းက ပြောကြား လိုက်သည်။ 


Financial Times နှင့် အင်တာဗျူး တစ်ခုတွင် ဗစ်တိုးရီးယားက ပြောကြား လိုက်ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်မှာ ရုရှား နိုင်ငံ၏ လုပ်ရပ်များနှင့် ဇာတ်ရှုပ်များ ဖြစ်ကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ယခု ဖြစ်စဥ်သည် ယူကရိန်းဆိုက်ဘာလုံခြုံရေးဆိုင်ရာ တိုက်ခိုက်မှုများအနက် လေးနှစ်အတွင်းအကြီးမားဆုံး တိုက်ခိုက် မှုဖြစ်ပြီး ယခုကဲ့သို့ တိုက်ခိုက်မှုများ ကြောင့် ယူကရိန်းအစိုးရ၏ ဝက်ဆိုဒ် အများစုမှာ နာရီပေါင်း များစွာကြာသည် အထိ အသုံးပြုနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။  ဆိုက်ဘာ တိုက်ခိုက်မှုသည် ယူကရိန်းနယ်စပ်တစ်လျှောက် စစ်တပ် များ ချထားသည့် ရုရှားနှင့်အမေရိကန် နိုင်ငံတို့အကြား တင်းမာမှုများ မြင့်မား နေချိန်တွင်   ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အမေရိကန် တာဝန်ရှိ သူများကမူ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်များကို  အသေးစိတ် ရှင်းပြ ထားခြင်းမရှိကြောင်း သိရသည်။

(Ref: AP)






အခြားဆက်စပ်သတင်းများ