နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးလ်တွင် ရေကြီး မြေပြို လူပေါင်း ၂၄ ဦး သေဆုံး

ဆော်ပိုလို၊  ဇန်နဝါရီ ၁၆


ဘရာဇီးလ်နိုင်ငံ    မီးနပ်စ်ဂျီရော် ရိုက်စ်ပြည်နယ်တွင်  ယခုနှစ်အစောပိုင်း ကတည်းက မိုးသည်းထန်စွာရွာသွန်း မှုများကြောင့် ရေလွှမ်း မှုနှင့် မြေပြိုမှု များ ဆက်တိုက်ဖြစ်ပေါ်နေကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြေပြိုမှုများကြောင့် လက်ရှိအချိန်ထိ လူ ၂၄ ဦး သေဆုံး ခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် နိုင်ငံ အာဏာပိုင်များက အတည်ပြုပြောကြား သည်။ 


ပြည်နယ်တစ်ဝန်းရှိ  ၁၄၅ မြို့တွင် ရေလွှမ်းမိုးမှုများကြောင့် အရေးပေါ် အခြေ အနေကြေညာထားရပြီး လူပေါင်း   ၁၇၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ တိမ်း ရှောင်နေရကြောင်း တာဝန်ရှိသူများက ပြောသည်။  


 မီးနပ်စ်ဂျီရော်ရိုက်စ် ပြည်နယ်၏ ဒေသအများစုသည် ၂၀၂၂ ခုနှစ်၏ ပထမဆုံး ၁၄ ရက်အတွင်း မိုးရေချိန် ၁၄ လက်မကျော်သည်အထိ ရွာသွန်းခဲ့ ကြောင်း ဘရာဇီးလ်မိုးလေဝသဌာန ကထုတ်ပြန်ထားသည်။  အမျိုးသားသတ္တု တူးဖော်ရေးအေဂျင်စီကမူ ကျိုးပေါက် နိုင်ချေရှိသည့် ရေကာတာ ၄၂ ခု ကို စောင့်ကြည့်နေကြောင်းနှင့်  ယင်းတို့ အနက်သုံးခုမှာ ကျိုးပေါက်မှု အန္တရာယ် အမြင့်ဆုံးဖြစ်နေကြောင်း  သတိပေး ထားသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ