နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်တမ်းလွန် ကိုဗစ်ကာကွယ်ဆေးများ ယူဂန်ဒါနိုင်ငံတွင် သိန်းချီဖျက်ဆီး

ကမ်ပါလာ၊  ဇန်နဝါရီ ၁၆


ယူဂန်ဒါနိုင်ငံသည် မထိုးနှံရသေး သော ကိုဗစ် -၁၉ ကာကွယ်ဆေးများ သက်တမ်းလွန်သွားပြီးနောက် ကာကွယ် ဆေး   လေးသိန်းကျော်ကို ဖျက်ဆီး လိုက်ကြောင်း     အဆင့်မြင့်အရာရှိ တစ်ဦးက ဇန်နဝါရီ ၁၆ ရက်တွင် အတည်ပြုပြောကြားသည်။ 


Moderna ကာကွယ်ဆေး အလုံးရေ လေးသိန်းနှင့် AstraZeneca ကာ ကွယ်ဆေးအလုံးရေ ၂၇၉ လုံးတို့ကို ဖျက်ဆီးရန် ပေးပို့ထားပြီးဖြစ်ကြောင်း နိုင်ငံပိုင် ဆေးဝါးသိုလှောင်ရုံ၏ ပြောရေး ဆိုခွင့်ရှိသူ Sheila Nduhukire က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့်ပြော ကြားသည်။  


ယူဂန်ဒါနိုင်ငံ၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လတွင် ကာကွယ်ဆေးထိုးနှံချိန် မှစ၍ ယခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၂ ဒသမ ၂ သန်းကို ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။  


လက်ရှိ ယူဂန်ဒါနိုင်ငံတွင်  အသက်  ၅၀ နှစ်နှင့်အထက်ရှိသူများနှင့် ရောဂါ အခံရှိသူများအနေဖြင့်   ယခုရက် သတ္တပတ်အတွင်း အားဖြည့်ကာကွယ် ဆေးထိုးနှံ ကြရန် တိုက်တွန်းထားသည်။  

(Ref:BBC)






အခြားဆက်စပ်သတင်းများ