နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် ကုန်စည်ပြတ်လပ်မှု ကြီးမားလာ

နယူးယောက်၊  ဇန်နဝါရီ ၁၆


ကုန်စည်ပို့ဆောင်ရေး ကုန်ကျစရိတ်ကြီးမားလာခြင်းကြောင့် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ လက်လီစျေးဆိုင်အများစုတွင် ကုန်စည်များ ပြတ်လပ်လျက်ရှိနေကြောင်း သိရသည်။ 


Owyhee Produce ကုမ္ပဏီ၏ အလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်သည့် ရှေ မေယာစ်၏ ပြောကြားချက်အရ ယင်းတို့၏ ကြက်သွန်နီတင်ပို့မှုသည် မြင့်မားနေ သော ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်များကြောင့်   ရပ်နားထားခဲ့ရကြောင်း၊ ကုန်စည် ပို့ဆောင်ရေးကုန်ကျစရိတ်ကျဆင်းမှသာ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ပြော သည်။ 


မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကုန်တင်ကားမောင်းသမားများ လုံ လောက်စွာမရှိခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးနှောင့်နှေးကြန့်ကြာနေကာ အမြန် လမ်းများပိတ်ဆို့မှုကြောင့် သစ်သီးနှင့်အခြားကုန်စိမ်းများတင်ပို့မှု ကုန်ကျစရိတ်မှာ လည်း နှစ်ဆခန့်မြင့်တက်လျက်ရှိသည်။


 အဓိကပြဿနာမှာ အစားအသောက်ကုန်ပစ္စည်းများဖြစ်သည့်အတွက် အစား အသောက်ကုန်ပစ္စည်း ပြတ်လပ်မှုမှာ ၁၅ ရာခိုင်နှုန်းခန့်ရှိကြောင်း စားသုံးသူများ အမှတ်တံဆိပ်အသင်းက ပြောသည်။ 


တစ်ချိန်တည်းမှာပင် အချို့သော စားသုံးသူများသည် အိုမီခရွန်ကြောင့် စားသောက် ကုန်ပစ္စည်းများကို လိုသည်ထက်ပိုဝယ်ပြီး စုဆောင်းနေမှုများရှိသဖြင့် ကုန်စည်ပြတ်လပ်မှုမှာပိုမိုလျင်မြန်နေကြောင်း သိရသည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ