နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွန်ဂါနိုင်ငံကမ်းခြေ ဆူနာမီသတိပေးချက်ထုတ်ပြန် ကျွန်းပေါ်သို့ ရေလှိုင်းများဝင်ရောက်လာ

ဆူဗား၊ ဇန်နဝါရီ ၁၆


ပစိဖိတ်ကျွန်း   နိုင်ငံတစ်ခုလုံး အတွက် ဆူနာမီသတိပေးချက် ကြေညာ ထားချိန်တွင် တွန်ဂါနိုင်ငံ ကမ်းခြေရှိ နေအိမ်များသို့ လှိုင်းလုံးကြီးများ ရိုက် ခတ်လာကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။


ရေအောက်မီးတောင် လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားပြီးနောက်  တွန်ဂါ မိုးလေဝသဌာနက ဇန်နနဝါရီ ၁၅ ရက်၊ ညနေပိုင်းတွင် ယခုကဲ့သို့ သတိပေး ချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ရေ အောက်မီးတောင်မှာ တွန်ဂါကမ်းခြေ ရှိ ဖာနူအာဖို (Fonuafo'ou) ကျွန်း အရှေ့တောင်ဘက် ကီလိုမီတာ ၃၀ အကွာတွင်တည်ရှိကာ ၎င်းမီးတောင် မှာ ဒီဇင်ဘာနှောင်းပိုင်းမှစပြီး ဆက် တိုက်ဆိုသလို ပေါက်ကွဲခဲ့ကြောင်းသိရ သည်။ ရေအောက်မီးတောင်နှင့် ပတ် သက်၍ အမေရိကန်ဘက်ကမူ အရေး ပေါ်သတိပေးချက်ကို တွစ်တာ စာမျက်နှာ တွင် ဖော်ပြထားပြီး မီးတောင်လှုပ်ရှား မှုကြောင့် အန္တရာယ်ရှိ သော ဆူနာမီတစ် ခုဖြစ်ပေါ်လာကြောင်းနှင့် အန္တရာယ် ခြိမ်းခြောက်မှုကို အကဲဖြတ်ရန် စောင့် ကြည့်မှုများ လုပ်ဆောင်နေကြောင်းသိ ရသည်။  


ယခု ရေအောက်တွင်ပေါက်ကွဲသည့် မီးတောင်မှာ  ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်က မီးတောင်ပေါက်ကွဲ မှုထက် ခုနစ်ဆ ခန့် ပိုမိုအားကောင်းခဲ့ပြီး ဆက်လက်ကြီးထွားနေကြောင်း သိရ သည်။ 

(Ref: AFP)






အခြားဆက်စပ်သတင်းများ