နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးတွင် ရာသီမရွေးသွားလာနိုင်သည့်လမ်းများ ငါးဆယ်ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီး

ရန်ကုန်    ဇန်နဝါရီ      ၁၂


ရန်ကုန်တိုင်းဒေသကြီးတွင် ရာသီ မရွေးသွားလာနိုင်သည့် လမ်း ၅၀ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပေးပြီးစီး ခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ လေးနှစ် အတွင်း ကွန်ကရစ်လမ်း ၅၁၆ မိုင် ကျော်၊ ကတ္တရာလမ်း ငါးမိုင်ကျော်၊ ကျောက်ချောလမ်း ၉၈ မိုင်ကျော်၊ ဂဝံ/မြေနီလမ်း ၃၈ မိုင်ကျော်၊ မြေသားလမ်း ၂၁၈ မိုင်ကျော်၊ ကွန်ကရစ်တံတား ၂၅၀ စင်းနှင့် Box Culvert ၄၆၅ စင်းကို အကောင်အထည်ဖော်နိုင်ခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးရှိ ကျေးရွာ ပေါင်း ၂၀၃၅ ရွာအနက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရာသီမရွေး သွားလာနိုင်သည့် ကျေးရွာ ၆၄၅ ရွာ၊ ခြောက်သွေ့ရာသီတွင်သာ သွားလာ နိုင်သည့် ကျေးရွာ ၁၃၉၀ ရွာသာ ရှိနေခဲ့ရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရာသီမရွေးသွားလာနိုင်သည့် ကျေးရွာ ၁၀၁၈ ရွာအထိ တိုးတက်ဆောင် ရွက်ပေးနိုင်ခဲ့၍ ကျေးရွာ ၁၀၁၇ သာ ကျန်ရှိနေခဲ့ရာ ရာခိုင်နှုန်း ၅၀ အထိ တိုးတက်ဖြစ်ပေါ်လာသည်။ 

CN 031






အခြားဆက်စပ်သတင်းများ