နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိမ်းစ်အသင်းတိုက်စစ်မှူး အီကီတီခီကို ပေါင်သန်း ၃၀ ဖြင့် နယူးကာဆယ်အသင်း ကမ်းလှမ်း

ဇန်နဝါရီ  ၁၂


နယူးကာဆယ် အသင်း သည် ပြင်သစ်ကလပ် ရိမ်းစ် အသင်း လူငယ်တိုက်စစ်မှူး အီကီတီခီကို စတာလင်ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိအပြောင်း အရွှေ့ကာလတွင် နယူးကာဆယ် အသင်းသည် ကစားသမား ခေါ်ယူမှု အများအပြား ပြုလုပ်  ကာ အင်အားဖြည့်တင်းမှုပြုလုပ် နေခြင်းဖြစ်ပြီး လူငယ်တိုက်စစ် မှူး အီကီတီခီ၏ ခြေစွမ်းပိုင်းကို နှစ်သက်နေခြင်းကြောင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။


အသက် ၁၉ နှစ်အရွယ်ရှိ  လူငယ်တိုက်စစ်မှူး အီကီတီခီ သည် ယခုနှစ် ဘောလုံးရာသီ  အမှတ်ပေးပြိုင်ပွဲတွင် ၁၇ ပွဲ ပါဝင်ကစားခဲ့ရာ သွင်းဂိုးရှစ်ဂိုး ထိ သွင်းယူထားပြီး ခြေစွမ်း ပြသနေကာ ဥရောပထိပ်သီး ကလပ်ငါးခုတွင် သွင်းဂိုးအများ ဆုံး လူငယ်ကစားသမားအဖြစ်  ရပ်တည်နေသည်။ နယူးကာဆယ် အသင်းသည် တိုက်စစ်မှူး ဝီလ်ဆင် ဒဏ်ရာပြဿနာဖြင့် ရင်ဆိုင်နေရသည့် အတွက် နည်းပြ အက်ဒီဟိုဝီက ယင်း၏ နေရာတွင် အစားထိုးနိုင်ရန်  လူငယ်တိုက်စစ်မှူး အီကီတီခီ ကို စတာလင်ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်တွင် ကစားမည့် ဝက်ဖို့ဒ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီ  ခေါ်ယူနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်။                          (သူရိန်)






အခြားဆက်စပ်သတင်းများ