နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးအသင်းက ဒယ်လီအလီနှင့် ဒိုဟာတီတို့ကို ရောင်းချမည်

ဇန်နဝါရီ  ၁၂


စပါးအသင်းသည် အသင်းမှ ထွက်ခွာလိုနေသည့် ကွင်းလယ် ကစားသမား ဒယ်လီအလီနှင့် နောက်ခံကစားသမား ဒိုဟာတီ တို့ကို ယခု အပြောင်းအရွှေ့ ကာလတွင် သင့်လျော်သည့် ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။


စပါးကွင်းလယ် ကစား သမား ဒယ်လီအလီသည် ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ပါဝင်ခွင့် ရရှိထားပြီး သွင်းဂိုးနှစ်ဂိုးသွင်းယူ ထားကာ ပုံမှန်ခြေစွမ်းပျောက် ဆုံးနေသကဲ့သို့ ခံစစ်ကစား သမား ဒိုဟာတီမှာ ဒဏ်ရာ ပြဿနာများနှင့်သာ ရုန်းကန် နေရပြီး ကြံ့ခိုင်မှုမပြည့်ဝ သဖြင့် ပြိုင်ပွဲစုံလေးပွဲသာ ပွဲ ထွက်ကစားခွင့် ရရှိခဲ့သည်။


ထို့ကြောင့် နည်းပြကွန်တီ က ပုံမှန်ခြေစွမ်း မပြသနိုင် သည့် ယင်းကစားသမား နှစ်ဦး ကို လက်ရှိ အပြောင်းအရွှေ့ကာလ  တွင် သင့်လျော်သည့်ကမ်းလှမ်း မှုများရှိလာပါက ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ စပါးအသင်း တွင် ဒယ်လီအလီနှင့် ဒိုဟာတီ တို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်မှသာ ကုန်ဆုံးမည် ဖြစ်သော်လည်း အသင်းအနေ ဖြင့် ယင်းတို့၏ လုပ်ခလစာပေး ချေနေမှုများကို လျှော့ချနိုင်ရန် လက်ရှိ အပြောင်းအရွှေ့ကာလ တွင် ရောင်းချရန် စီစဉ်နေခြင်း ဖြစ်သည်။                   

(သူရိန်)






အခြားဆက်စပ်သတင်းများ