နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ် စပါးဈေးကောင်းရရှိနေ

ရန်ကုန်  ဇန်နဝါရီ  ၁၂


ယခုနှစ် အစောပိုင်းကာလ စပါးဈေးသည် ပြီးခဲ့သည့်နှစ် ကထက် ဈေးကောင်းရနေ ကြောင်း တောင်သူများထံမှသိရ သည်။ အကြောင်းအမျိုးမျိုး ကြောင့် စပါးစိုက်ဧက လျော့ နည်းခဲ့သော်လည်း  ဆန်စပါး များ ပို့ကုန်ပုံမှန်ရှိနေကာရောင်း လိုအားများနေခြင်းကြောင့် စပါး ဈေးကောင်းနေရခြင်း ဖြစ် ကြောင်း ၎င်းတို့က ပြောသည်။


ပြီးခဲ့သည့်နှစ်များတွင် စပါး ဈေးမှာ တင်း ၁၀၀ လျှင် ကျပ်ငါး သိန်းခွဲမှ ကျပ်ခြောက်သိန်းခွဲ အထိ ရှိခဲ့ပြီး ယခုနှစ် စပါးဈေး မှာ ကျပ်ခြောက်သိန်းခွဲမှ ကျပ် ခုနစ်သိန်းကျော်အထိ ပေါက် ဈေးရှိနေကာ နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှု ရှိသည်။


စစ်ကိုင်းတိုင်း ဒေသကြီး တွင် လယ်ယာမြေနှင့် တောင် ယာမြေများတွင် စိုက်ပျိုးခဲ့ကြ သည့် မိုးစပါးများမှာ ယခုနှစ် တွင် ရာသီဥတုကောင်းမွန် သဖြင့် စပါးအထွက်နှုန်း ကောင်း မွန်သကဲ့သို့ စပါးဈေးလည်း ယခင်နှစ်ကထက် ဈေးပိုရလာ ကြောင်း သိရသည်။


သို့ရာတွင် နွေစပါးပေါ်ချိန် မတ်နှင့် ဧပြီနှောင်းပိုင်းတွင်မူ ရောင်းလိုအားများလာပြီး စပါး ဈေး ပြန်လည်ကျဆင်းသွားနိုင် ကြောင်း စိုက်ပျိုးရေးပညာရှင် အချို့က ခန့်မှန်းထားကြသည်။


၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးများအတွက် အရည်အသွေးဆိုင်ရာ စံသတ် မှတ်ချက် စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စပါး တင်း ၁၀၀ ၏ အခြေခံရည်ညွှန်း ဈေးနှုန်း ကျပ် ၅၄၀,၀၀၀ သတ်မှတ်ထား ပြီး ယခုအခါ အဆိုပါ အခြေခံ ရည်ညွှန်းဈေးထက် ဈေးပိုရနေ သဖြင့် တောင်သူများ အဆင် ပြေနေခြင်းဖြစ်သည်။


မိုးစပါး စိုက်ပျိုးချိန်တွင် မြေဩဇာဈေးအပါအဝင် လိုအပ် သည့် သွင်းအားစုဆေးဝါးစရိတ် ဈေးနှုန်းများ မြင့်တက်နေခြင်း နှင့် ရာသီဥတုအခြေအနေ ကြောင့် စပါးစိုက်ဧက အနည်း ငယ် လျော့ကျခဲ့ကြောင်း သိရ သည်။              မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ