နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် လေထု၊ ရေထု အရည်အသွေးတိုင်းတာနေမှုများ ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇန်နဝါရီ  ၁၂


ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ် ကြသည့် စီးပွားရေးရာဝန်ကြီး  ဦးအောင်သန်းဦး၊  သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ဥပဒေချုပ် ဦးဌေးအောင်နှင့် တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများသည်  ယမန်နေ့က တိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် သစ်တောဦးစီးဌာန တို့ ပူးပေါင်း၍ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်း ပတ်ဝန်းကျင် အရည်အသွေးတိုင်းတာ နေမှုများ ကို ကြည့်ရှုစစ်ဆေးကြသည်။


ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာတင်က Compact Air Quality Monitoring Station (AQM 65) စက်ကို အသုံးပြုပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက် နံနက်က စတင်၍ ကာဗွန်မိုနောက်ဆိုဒ်၊ ကာဗွန်ဒိုင် အောက်ဆိုဒ်၊  ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက် ထရိုဂျင်ဒိုင်အောက်ဆိုဒ်၊ အိုဇုန် နှင့် အမှုန်အမွှားတို့ကို ၂၄ နာရီ ကြာ တိုင်းတာဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းတာမှုရလဒ် များအရ ထုတ်ပြန် ပြဌာန်းထား သည့် အမျိုးသားပတ်ဝန်းကျင် အရည်အသွေး ထုတ်လွှတ်မှု လမ်းညွှန်ချက်များ (National Environmental Quality Emission Guidelines) စံချိန် စံညွှန်းသတ်မှတ်ချက်အတွင်းရှိ သည်ကို တိုင်းတာရရှိပါကြောင်း နှင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း တိုင်းတာရရှိသည့် ရလဒ် များအနေဖြင့် ကျန်းမာရေး ရှုထောင့်အရ လေထုအရည် အသွေး ကောင်းမွန်ပါကြောင်း ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လေထုအရည် အသွေး တိုင်းတာမှုများကို နေရာ ၁၀ နေရာ ဖြစ်သည့် ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်၊ သာဓုကန်စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန် (၁၊ ၂၊ ၃၊ ၄)၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ တောင်ဒဂုံစက်မှုဇုန် (၁၊ ၂၊ ၃)၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ သန်လျင်မြို့နယ်၊ ဗိုလ်တထောင် မြို့နယ် ကမ်းနားလမ်းအနီး တစ်ဝိုက်တို့တွင် လစဉ်တိုင်းတာ ဆောင်ရွက်လျက် ရှိပါကြောင်း၊  တိုင်းတာရရှိသည့် ရလဒ်များကို  ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ  အများပြည်သူသို့ ထုတ်ပြန် ကြေညာခြင်းတို့ကို ဆောင် ရွက်သွားမည်ဖြစ်ပြီး လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်နေပါက  လျှော့ချသည့် အစီအမံများကို  ရေးဆွဲခြင်းတို့ကို သက်ဆိုင်ရာ ဌာနများမှ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် ရေရှည်အစီအမံများ ရေးဆွဲ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ရှင်းလင်းတင်ပြသည်။


ရှင်းလင်း တင်ပြချက်များ နှင့် စပ်လျဉ်း၍ ဝန်ကြီးများက တိရစ္ဆာန်ဥယျာဉ် အတွင်း ပြည်သူများ လာရောက်အပန်း ဖြေ အနားယူနိုင်ရန် လေထု အရည်အသွေး သန့်စင်ကောင်းမွန်  ရန်လိုအပ်ပါကြောင်း၊ ပြည်သူများ လာရောက် လည်ပတ်ချင်စရာ  ဖြစ်စေရန် ပြင်ဆင်ထားရှိရန်၊  သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ရန်နှင့် လိုအပ်သည် များကို သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်သွားရန် ကိစ္စများနှင့် ပတ် သက်၍ ဆွေးနွေးမှာကြားကြ သည်။    ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ