နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေနှင်းမှို စိုက်ပျိုးမှုများပြားလာပြီး မှိုဈေးနှုန်း အနည်းငယ်အေးနေ

ရန်ကုန်၊ ဇန်နဝါရီ  ၁၂


နေပြည်တော်အနီးတစ်ဝိုက်ဒေသ များတွင် ငွေနှင်းမှိုစိုက်ပျိုးမှု များပြားလာ ၍ မှိုဈေးအနည်းငယ်အေးနေကြောင်း သိရသည်။ 


"ငွေနှင်းမှိုဈေးက အနည်းငယ်အေး နေတယ်။ အရင်ဆို  ဒိုင်သွင်းဈေး တောင်သူများက မှိုဒိုင်သို့သွင်းသည့်ဈေး က တစ်ပိဿာကို ငွေကျပ် ၂၅၀၀၊ ဒိုင် ရောင်းဈေး (မှိုဒိုင်မှ ဈေးကွက်သို့ လက်ကားပြန်ရောင်းဈေး) က တစ်ပိဿာ ကို ငွေကျပ် ၃၅၀၀ ရှိခဲ့တယ်။ အခုကျတော့ ဒိုင်သွင်းဈေးက တစ်ပိဿာကို ငွေကျပ် ၂၃၀၀၊ ဒိုင်ရောင်းဈေးက တစ်ပိဿာကို ငွေကျပ် ၃၀၀၀ ပဲ ရှိတော့တယ်။ အခု နောက်ပိုင်း နေပြည်တော်အနီးတစ်ဝိုက် မှာ ငွေနှင်းမှိုစိုက်ပျိုးမှု အရင်ကထက် ပိုများလာတဲ့အတွက်ကြောင့်လို့ မြင် ပါတယ်"ဟု နေပြည်တော် ပျဉ်းမနားမြို့မှ ငွေနှင်းမှို စီးပွားဖြစ်စိုက်ပျိုးရောင်းချသူ ဦးညွန့်ဝင်းက ပြောသည်။


နေပြည်တော် ပျဉ်းမနားမြို့ရှိ ငွေနှင်းမှို မျိုးထုတ်ဈေးကွက်အတွင်း ၇/၁၂ အရွယ် ငွေနှင်းမှို မျိုးထုပ် တစ်ထုတ် လျှင် ငွေကျပ် ၆၀၀၊ ၇/ ၁၃ လက်မရွယ် ငွေနှင်းမှို မျိုးထုပ်တစ်ထုပ်လျှင် ငွေကျပ် ၆၅၀ ဈေးနှုန်းများဖြင့် လက်ကားရောင်းချ နေသည်။ ငွေနှင်းမှိုသည် စိုက်ပျိုးနည်း လွယ်ကူရိုးရှင်းပြီး လေထုနှင့် တိုက်ရိုက် မထိတွေ့စေရန်နှင့် မှိုထုပ်အဟောင်းနှင့် အသစ်  ရောထွေးမစိုက်ပျိုးရန်စသည့် အချက် အချို့ကိုသာ သတိပြုစိုက်ပျိုး ရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ